ကလောမြို့နယ်၌ အာလူးစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ကလောမြို့နယ်၌ အာလူးစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 05, 2026
ကလော မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝါးရုံပင်ကျေးရွာရှိ ရွှေရင်အေးမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းမှ အာလူးစိုက်ပျိုးထားရှိမှုအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်၊ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကလောမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များအား တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာရှိ ရွှေရင်အေးမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းမှ အာလူးစိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အသင်းမှလိုအပ်သော သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးနှင့် ငွေကြေးအရင်းအနှီးများ ရရှိစေရေး သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
Announcement
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Ministry of Finance and Revenue / Posted on March 05, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Ministry of Information / Posted on March 04, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
