ကလေးတို့ပညာ ပိုမိုကောင်းမွန်ရေး မိဘ၊ ဆရာ ပိုမိုပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / June 01, 2025
image_latest


မနက်ဖြန် (ဇွန် ၂ ရက်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စ တင်ဖွင့်လှစ်တော့မည်။ သူငယ်တန်း (KG) မှသည် ဒွါဒသမတန်း (Grade 12) အထိ ကျောင်းသား ကျောင်းသူကလေးငယ်တို့ ကျောင်းတက်ကြရတော့မည်ဖြစ်သည်။ ပညာသင်ခြင်းသည် ဘဝခရီးအတွက် ဖြည့်ဆည်းကြရခြင်း ဖြစ်သည့်အလျောက် ကျောင်းနေလည်းပျော်၊ စာလည်းတော်ရန် ကျောင်းသား ကျောင်းသူအားလုံး အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သလို မိဘ၊ အုပ်ထိန်းသူတို့က ပံ့ပိုး၍ ဆရာ၊ ဆရာမများက သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်သည်။ မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မှုကောင်းသည်နှင့်အမျှ ကလေးတို့ပညာရေးတွင် ကောင်းမွန်ကြမည်ဖြစ်သည်။

မိဘ၊ အုပ်ထိန်းသူများသည် မိမိတို့၏ ရင်သွေးကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ ပညာသင်ကာလ အတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက်ပညာ သင်ယူနိုင်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ အီး-စီးကရက် (Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး၊ ကျောင်းသား ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်ရေး၊ ကျောင်းသား ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှု ခံယူနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြရန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည့် အထက်ဖော်ပြပါ အချက်အလက်များသည် မိမိတို့ရင်သွေး၊ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားစေရန်၊ စဉ်ဆက်မပြတ်ပညာ သင်ယူ၍ ပညာရေးခရီးပန်းတိုင်အထိ ရောက်ရှိနိုင်စေရန်၊ လူငယ်ဘဝတွင် လမ်းမှားသို့ မရောက်ရှိစေရန်၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်တတ်စေ ရန်ဟူသည့် ရည်ရွယ်ချက်များနှင့် ထုတ်ပြန်ထားခြင်းဖြစ်ရာ ကျောင်းသား ကျောင်းသူများ၏ အကျိုးအတွက်သာဖြစ်ပြီး မိဘအုပ်ထိန်းသူများနှင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမတို့၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည်နှင့်အမျှ ကလေးတို့၏ ပညာရပ်ဝန်းမှာ လုံခြုံစိတ်ချရသော၊ စည်းကမ်းကောင်းမွန်သော၊ ပျော်မွေ့ဖွယ်ဖြစ်သော ပညာရပ်ဝန်း၊ ကလေးများကို လူတော်လူကောင်းလေးများဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင် သော ပညာရပ်ဝန်းအဖြစ် ပိုမိုထင်ရှား တောက်ပလာမည်ဖြစ်သည်။

နိုင်ငံကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ရန်မှာ အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော နိုင်ငံ သားကောင်း၊ သမီးကောင်း မြောက်မြားစွာ လိုအပ်သည်။ လက်ရှိ မိမိတို့နိုင်ငံ၏ လူဦးရေနှင့်ဘွဲ့ရ၊ ပညာတတ်လူဦးရေ အချိုးကွာဟချက် ကျဉ်းသည်ထက်ကျဉ်းအောင် မိမိတို့အားလုံး ကြိုးပမ်းအားထုတ်ကြရန်လိုသည်။ ပညာသင်ကြားခြင်းသည် ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီအတွက်ရော နိုင်ငံအတွက်ပါဖြစ်ရာ တန်းစဉ်မှန်မှန်ကူးပြောင်း၍ စဉ်ဆက်မပြတ် ပညာသင်ကြားပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများအဖြစ်နိုင်ငံကို အလုပ်အကျွေးပြုနိုင်ကြပါစေကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Ministry of Ethnic Affairs / Posted on June 02, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Union Civil Service Board / Posted on May 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023