ကိုယ့်ဇာတိကိုယ့်တိုင်းပြည် မှန်ကန်စွာ ချစ်မြတ်နိုး


Ministry of Information/ Naypyitaw / February 05, 2026
image_latest


ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိသည်ဟု ကုလသမဂ္ဂကအသိအမှတ်ပြုထားသည်။ ယင်းနိုင်ငံများအနက် ဗာတီကန်စီးတီးနှင့် ပါလက်စတိုင်းကလွဲလျှင် ကျန် ၁၉၃ နိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်မှာ ပိုင်နက်နယ်မြေ၊ အုပ်ချုပ်သည့်အစိုးရ၊ အုပ်ချုပ်ခံပြည်သူနှင့် အချုပ်အခြာအာဏာဟူသည့် ဥပဓိရုပ်လေးရပ်နှင့် ပြည့်စုံရန်လိုသည်။ မိမိတို့နိုင်ငံသည် အဆိုပါဥပဓိရုပ်လေးရပ်နှင့် ပြည့်စုံရုံမျှမက နှစ်ပေါင်းရှည်ကြာပြီး ကြီးကျယ်ခမ်းနားသည့် သမိုင်းကြောင်း နောက်ခံရှိသည့် ဂုဏ်ယူဖွယ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်။

“နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်း တွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်းမှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များ ရှိရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ရာ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများအတွင်း တိုင်းချစ်ပြည်ချစ်စိတ် လျော့ပါးကင်းမဲ့နေမှုများကို တွေ့မြင်နေကြရခြင်းကြောင့်ပင်ဖြစ်သည်။ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်ဆိုသည်မှာ အကြွင်းမဲ့တစ်ယောက်မကျန်ဖြစ်ရာ နိုင်ငံကို မှန်ကန်စွာချစ်မြတ်နိုးလာစေရေးအတွက် ပညာပေးလေ့ကျင့်ပျိုးထောင်မှု၊ နှိုးဆော်စည်းရုံးမှုတို့ စဉ်ဆက်မပြတ်ပြုလုပ်ကြရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့မှာ မတူညီသည့် ပထဝီဝင်အနေအထားနှင့် နောက်ခံသမိုင်းကြောင်းများ ကိုယ်စီရှိသကဲ့သို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားသည့် ဝိသေသလက္ခဏာများလည်း ရှိနေကြသည်။ ဥပမာအားဖြင့်ဆိုလျှင် အရှေ့တောင်အာရှဒေသနိုင်ငံများမှ လူများကို ရောနှော၍ထားမည်ဆိုပါက ရုပ်ရည်သွင်ပြင်လက္ခဏာအားဖြင့် မည်သည့်နိုင်ငံမှ မည်သည့်လူမျိုးဟူ၍ ခွဲခြားရန်ခက်ခဲနိုင်သည်။ သို့ရာတွင် ၎င်းတို့၏ဝတ်စား ဆင်ယင်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ စသည့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားသည့် ကိုယ်ပိုင်ဝိသေသလက္ခဏာများအရမူ ကောင်းစွာခွဲခြားနိုင်ကြမည်ဖြစ်သည်။ အသေးစိတ်၍ ပြောမည်ဆိုလျှင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတို့၏ ဝိသေသလက္ခဏာဆိုသည်မှာ ထို့ထက်ပို၍ များစွာကျယ်ဝန်းလှသည်။ ထို့အပြင် ကိုယ်ပိုင်ဝိသေသလက္ခဏာဟူသည် နိုင်ငံသားတိုင်းက မပျောက်မပျက်အောင် အလေးအနက်တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်အပ်သည့် အရာလည်းဖြစ်သည်ကို သိရှိနားလည်ထားကြရန်လည်းလိုသည်။

မိမိတို့နိုင်ငံအဖို့ နိုင်ငံသားဆိုသည်မှာ မွေးရာပါနိုင်ငံသားများရော ဥပဒေအရ နိုင်ငံသားဖြစ်လာကြသူများပါ ပါဝင်သည်။ ၎င်းတို့အားလုံးမှာ နိုင်ငံသားများသာဖြစ်ပြီး နိုင်ငံသားအခွင့်အရေးကို တန်းတူရရှိကြသူများ ဖြစ်သည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး လူမျိုးများ၊ မျိုးနွယ်စုများ ရာနှင့်ချီ၍ ရှိနေသကဲ့သို့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံစသည်တို့ ကွဲပြားခြားနား ကြသည်။ ထို့အပြင် ဘာသာရေးအရ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပြုထားခြင်းကြောင့် နိုင်ငံသားများအတွင်း မတူညီသည့် ယုံကြည်ကိုးကွယ်မှုများရှိနေကြသည်။ မည်သို့ပင်ဆိုစေမြန်မာ့မြေပေါ်တွင် မွေးဖွားကြီးပြင်းလာကြပြီး နိုင်ငံသားဖြစ်လာကြသူများအားလုံးမှာ မြန်မာလူမျိုးများအဖြစ် မိမိဇာတိ၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးကြရန်လိုသည်။ မြန်မာတို့၏ ကောင်းမြတ်သည့် ကိုယ်ပိုင်ဝိသေသလက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း လိုသည်။

မြန်မာလူမျိုးဆိုသည်မှာ ရင်းနှီးဖော်ရွေကြသူများဖြစ်သည်။ မြန်မာလူမျိုးဆိုသည်မှာ သူတစ်ပါးကို ကူညီရိုင်းပင်းတတ်ကြသူများဖြစ်သည်။ မြန်မာလူမျိုးဆိုသည်မှာ ကမ္ဘာပေါ်တွင် အလှူအတန်းအရက်ရောဆုံးသူများဖြစ်သည် စသည်တို့မှာ မြန်မာတို့နှင့် ထိတွေ့ဆက်ဆံဖူးကြပြီး မြန်မာတို့အကြောင်းကို ကောင်းစွာသိရှိကြသည့် နိုင်ငံခြားသားများက အသိအမှတ်ပြုထားကြသော မြန်မာတို့၏ ထူးခြားသည့် စရိုက်လက္ခဏာများဖြစ်သည်။ မိမိနိုင်ငံကို ချစ်မြတ်နိုးခြင်း၊ မြန်မာဖြစ်ရသည်ကို ဂုဏ်ယူခြင်း၊ မြန်မာတို့၏ ကောင်းမြတ်သည့် ဝိသေသလက္ခဏာများကို ကောင်းစွာဆက်လက်ထိန်းသိမ်းခြင်းအားဖြင့် မြန်မာနိုင်ငံသား ပီသစွာမြန်မာနိုင်ငံကို ချစ်မြတ်နိုးကြရပါမည့်အကြောင်း။

 

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on February 04, 2026

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

Ministry of Information / Posted on February 04, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on February 04, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023