ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်းပိုင်း)အား ပြန်လည်ဖွင့်လှစ်
ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်းပိုင်း)အား ပြန်လည်ဖွင့်လှစ်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / April 02, 2026
ဘားအံ ဧပြီ ၂
ကရင်ပြည်နယ်၏အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင် ဒေသ(ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East–West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူ များက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါလမ်းသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ထိ ၁၆၅ ဒဿမ ၃၆၀ ကီလိုမီတာ ရှည်လျားကာ အဆိုပါလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူ များ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများတူးထုတ်ဖျက်ဆီး၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောက်ယှက်ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်း မရှိခဲ့ဘဲ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများလုပ် ဆောင်နေကြသော အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့ သည့်အတွက် ပျက်စီးသွားသောလမ်း/တံတားများအား ပြည်ထောင်စု၊ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက် သွယ်ရေးကဏ္ဍသည် အဓိကအခြေခံလိုအပ်ချက်တစ်ခုဖြစ်သကဲ့သို့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးသည်လည်း အလွန် အရေးကြီးလှပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိလျှင် ယခုကဲ့သို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ ဒေသတွင်းကုန် စည်စီးဆင်းမှုများ၊ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စွာသွားလာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဒေသ ခံပြည်သူများ၏ လူမှုစီးပွားဘဝများ ယခုထက်မကမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကျော်လင်းမောင်က ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်မကြီး)လမ်းပိုင်းအား ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းနှင့်တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြ မည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုအားပေးခဲ့ ကြပြီး အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြသည်။
အလားတူ ဘားအံမြို့နှင့်မြဝတီမြို့တို့မှ ထွက်ခွာရောက်ရှိလာကြသော မော်တော်ယဉ်များကို ကော့ကရိတ်မြို့နယ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ အကောက်ခွန် အစရှိသော ဌာနဆိုင်ရာများက လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်၍ အများပြည်သူစိတ်အေး ချမ်းသာစွာ သွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)လမ်းပိုင်းကို အသုံးပြုသွားလာသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒအမှူးပြုသော သံဃာတော်(၁၂)ပါးတို့သည် အာရှလမ်းထိပ် သင်္ဃန်းညီနောင်ကျေးရွာ၊ ဈေးကုန်းရပ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်၍ မော်တော်ယာဉ်များဖြင့် သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာအထိ အာရှလမ်းမကြီးတစ်လျှောက် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
