ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / November 18, 2025
ကော့မှူး နိုဝင်ဘာ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ညောင်ကုန်း-ကျွန်းကလေး-ရခိုင်စု ရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပျဉ်းကတိုး-ချောင်းဝလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် K & F Company မှ တာဝန်ယူဆောင်ရွက်သည့် ကျိုက်ထော်-ကျုံလတာ - အောက်ကျောင်း - ဥတို - သမဲ့လမ်းပေါ်ရှိ (48 m) ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အသွေးအသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ကျိုက်ထော် - ကျုံလတာ - အောက်ကျောင်း - ဥတို - သမဲ့ လမ်းပေါ်ရှိ (48 m )ကွန်ကရစ်တံတား၊ ညောင်ကုန်း-ကျွန်းကလေး-ရခိုင်စုရွာချင်းဆက်လမ်း အရှည် ပေ ၁၈၀၂ ပေ၊အကျယ် ၁၂ ပေ၊ဒု ၇ လက်မကွန်ကရစ်ခင်းခြင်းနှင့် ပျဥ်းကတိုး-ချောင်းဝလမ်း အရှည် ပေ၂၆၄၀ ၊အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအစရှိသည့် လှုမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Ministry of Transport and Communications / Posted on November 18, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on November 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on October 31, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
