ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်အညီ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိ
ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်အညီ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / December 23, 2025
နေပြည်တော် ဒီဇင်ဘာ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် Gender/ CEDAW/ NSPAW/ AGMSF/ WPS အသိ ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ Gender Focal Point သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဆောင်ရွက်နေသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်အညီ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသော Gender/ CEDAW/ NSPAW/ AGMSF/ WPS လုပ်ငန်းစဉ်များကို ပိုမိုသိရှိစေရန်၊ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသောလုပ်ငန်းစဉ်များတွင် ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) ဆောင်ရွက်လာနိုင်စေရန်၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ချိတ်ဆက်ပူးပေါင်းမှု ပိုမိုအားကောင်းလာခြင်းဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
သင်တန်းတက်ရောက်နေကြသော Gender Focal Point များသည် အဆင့်မြင့်အရာထမ်းများ ဖြစ်သကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာန၏ ဝန်ကြီးရုံးတွင် တာဝန်ယူ ဆောင်ရွက်နေကြသူများဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက် ကျား၊ မရေးရာဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ကြားလိုကြောင်း၊ သင်တန်းမှရရှိသည့် ဗဟုသုတများဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာများနှင့် ချိတ်ဆက်ပြီး အလေးထားကူညီ ဆောင်ရွက်ပေးကြရန်နှင့် ဝန်ကြီးဌာနများ၏ လက်တွေ့ကျသည့်ကျား၊ မရေးရာ ထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) နည်းလမ်းများအပါအဝင် စိန်ခေါ်မှုနှင့် အလေ့အကျင့်ကောင်းများရှိပါက မျှဝေဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန် မေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၁၆ ဦး တက်ရောက်ကြပြီး သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
