ကျိုင်းတုံမြို့၌ ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
ကျိုင်းတုံမြို့၌ ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / June 05, 2025

နေပြည်တော် ဇွန် ၅
၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျိုင်းတုံမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗီဒီယို၊ ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာဗီဒီယိုတို့ကို ဖွင့်လှစ်ပြသသည်။ ထို့နောက်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Ministry of Information / Posted on June 06, 2025
ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Transport and Communications / Posted on June 04, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Union Civil Service Board / Posted on June 05, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)