ကျောက်တန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ကျောက်တန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / February 05, 2026
ကျောက်တန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
**********************************
ကျောက်တန်း ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်တန်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် အင်ဂျင်နီယာ ဝန်ထမ်းများက လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကန်ပြောင်စံပြကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉၉ ဒသမ ၄၂၁ သန်းဖြင့် ကုန်ထုတ်လမ်းအရှည် ၆၉၃၀ ပေ အကျယ် ၁၂ ပေ ဒု ၉ လက်မ ဂဝံကျောက် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် တာဝန်ရှိသူများက ပါဒကြီးကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၄၉၇ ဒသမ ၃၄၆ သန်းဖြင့် ကုန်ထုတ်လမ်းအရှည် ပေရှစ်ထောင် အကျယ် ၁၂ ပေ ဒု ၉ လက်မ ဂဝံကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက အဆိုပါလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိသော တင်ဒါရကုမ္ပဏီမှ တာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကန်ပြောင် ကျေးရွာနှင့် ပါဒကြီးကျေးရွာတို့ရှိ လယ်ယာများတွင် စိုက်ပျိုးထားသော ဒေသထွက်ကုန်သီနှံများ ရာသီမရွေး အချိန်နှင့်တပြေးညီ ဈေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on February 04, 2026
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း
Ministry of Information / Posted on February 04, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း
တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ