ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 29, 2025


ဘားအံ ဇူလိုင် ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပြည်နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်ကျောင်း တွင် ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။

အဆိုပါပွဲတော်ကို ဘားအံမြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၀၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဆုချီးမြှင့်ပွဲတွင် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီသီချင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/ ကျောင်းသူများက ပညာပန်းများလန်းရာမြေ သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(Khoot Quiz Game)ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သောက်ရေသန့်လှူဒါန်းပေးသော ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ စာပေဟောပြောပွဲတွင် ဆွေးနွေးဟောပြောပေးကြသော စာရေးဆရာ/ဆရာမများကို ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ အကဲဖြတ်အမှတ်ဒိုင်များအား အမှတ်တရ လက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် မဟာမြကျွန်းသာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ထိန်းသိမ်းစို့လေ စာပေအမွေ တေးသီချင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက အောင်မြင်ပါစေမြန်မာပြည် သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိ ကြသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Ministry of Information / Posted on July 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Ministry of Information / Posted on July 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Ministry of Information / Posted on July 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023