ကြို့ပင်ကောက်မြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး
ကြို့ပင်ကောက်မြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 03, 2026
ကြို့ပင်ကောက်မြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး
ကြို့ပင်ကောက် မတ်လ ၃ ရက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဇင်ပြွန်းကုန်းကျေးရွာ၌ Mobile Financial Payment စနစ်ဖြင့် စီမံကိန်းရန်ပုံငွေ တတိယအကြိမ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်က စီမံကိန်း ကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း/အတိုးပြန်လည်ပေးဆပ်ခြင်းလုပ်ငန်းစဉ်များကို Manual Cash - based စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် စီတီဇင်ပေး (Citizens Pay) နှင့်ပူးပေါင်း၍ Mobile Financial Payment စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ စီတီဇင်ပေး (Citizens Pay) တာဝန်ရှိသူများနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက Citizen Pay ဖြင့် Digital နည်းပညာကို အသုံးပြု၍ Mobile Phone မှတဆင့် ဇင်ပြွန်းကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း တတိယအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသား ၅၄ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၆၅ သိန်းကို ကျေးရွာသူ/ကျေးရွာသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Ministry of Electric Power / Posted on March 03, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Myanmar National Human Rights Commission / Posted on March 02, 2026
The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 02, 2026
