ကြီးပွားလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

Ministry of Cooperatives and Rural Development/ Naypyitaw / January 13, 2026
image_latest

ညောင်ရွှေ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာ ကြီးပွားလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မင်းချောင်းကျေးရွာ စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။

ဦးစွာအသင်းဥက္ကဋ္ဌ ဦးအောင်မွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက စီမံကိန်းသီးနှံများနှင့်ပတ်သက်၍ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးနေမှုအခြေအနေ၊ မြေဩဇာဖြန့်ဖြူးပေးမည့် အစီအစဉ်များနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ် အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုးနှင့် အသင်းသားထောက်ပံ့ငွေ စုစုပေါင်း ၉၇၆၂၆၀၀ ကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

Ministry of Information / Posted on January 13, 2026

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on January 12, 2026

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023