ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေး ဌာနနှင့် ရေအသုံးချသူတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 07, 2026
image_latest


နေပြည်တော် မေ

ချောင်းမငယ် ဆည်ရေသောက်ဧရိယာအတွင်း (၂၀၂၅-၂၀၂၆) ခုနှစ် နွေစပါး၊ နွေသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး ရေများကို မတ် ၁ ရက်မှစတင်၍ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့် နည်းပါးစွာဖြင့် ဌာနနှင့် တောင်သူများ ပူးပေါင်းကာ စနစ်တကျစီမံ ၍ စိုက်ပျိုးရေပေးဝေလျက်ရှိရာ နွေစပါး ၄၂၆၆ ဧကနှင့် နွေသီးနှံ ၄၄၁ ဧက စုစုပေါင်း စိုက်ဧက ၄၇၀၇ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ချောင်းမငယ်ရေလှောင်တမံ၏ မေ ၆ ရက် သိုလှောင်ရေပမာဏမှာ ၇၅၂၅၄ ဧကပေဖြစ်ပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများ အတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်သည်။

နေပြည်တော် လယ်ဝေး မြို့နယ်အတွင်းရှိ ချောင်းမငယ်ရေလှောင်တမံသည် ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဧကပေ ၉၁၇၇၀ ဖြစ်ပြီး ချောင်းမငယ်ရေလှောင်တမံ၏ စိစစ်ဧရိယာ မှာ ၇၂၁၉ ဧကဖြစ်ကာ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများ ကို ဆည်ရေပေးဝေလျက်ရှိသည်။

ထို့အပြင် ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံး ရေဂါလန် ၉၄ သိန်း ပေးဝေ လျက်ရှိကြောင်း သိရသည်။

ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေအသုံးချသူ တောင်သူများနှင့် ပူးပေါင်း၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မွှေး

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အများ ပြည်သူ သို့ အသိပေးကြေညာချက်

Ministry of Information / Posted on May 07, 2026

အများ ပြည်သူသို့ အသိပေး ကြေညာချက်

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on May 07, 2026

အများပြည်သူ သို့ အသိပေး ကြေညာချက်

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on May 07, 2026

အများပြည်သူ သို့ အသိပေးကြေညာချက်

Video