ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 26, 2025
image_latest


နေပြည်တော်  ဧပြီ ၂၆

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)၊ သောတပန်ရပ်ကွက်ရှိ သုတေသကသီလရှင်ကျောင်းတိုက်နှင့် ဇနကာရာမ ကိုးကန့် ကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုးရှိ၊ ဆွမ်းဦးပုညရှင်စေတီ၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်စေတီတော်၊ နန်းဦးမြို့သစ်ရှိ မဟာစေတီလှနှင့် မရှိခဏစေတီ၊ နန်းစုရပ်ကွက်ရှိ လူနေအဆောက်အအုံများတွင် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများ၊ အရန်စေတီများအား ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသော မရှိခဏစေတီတော်ကြီးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များက ဖယ်ရှားရှင်းလင်းနေစဉ် မရှိခဏစေတီတော်ကြီး၏ ဘုရားဌာပနာ လက်ဝတ်ရတနာ ပစ္စည်းများအား တွေ့ရှိရသဖြင့် သက်ဆိုင်ရာဆရာတော်နှင့် တာဝန်ရှိသူများအား စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ နန်းမြို့ရိုးနေရာအား အပျက်အစီးများဖယ်ရှား ရှင်းလင်းနေမှုနှင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တံတားဦးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံပျက်ဆီးမှု၊ ပြန်လည်ပြုပြင်နေမှုနှင့် လေယာဉ်ခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တံတားဦးမြို့ရှိ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်းပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ မြို့တွင်းရှိ မဟာဆေးအိုးဖိုဘုရား အပါအဝင် အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများ ဖယ်ရှားရှင်း လင်းနေမှုများအားလည်းကောင်း၊ အဆောက်အအုံအပျက်အစီးများဖယ်ရှားရှင်းလင်းပြီး အိမ်အဆောက်အအုံအသစ် ပြန်လည်ဆောက်လုပ်ကာ  မိသားစုများပြန်လည်နေထိုင်နေသည့် အခြေအနေများအားလည်းကောင်း ကြည့်ရှု၍ ရပ်မိရပ်ဖများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် တံတားဦး အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ စစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ယာယီရုံဖွင့်လှစ်ထားရှိပြီး ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တံတားဦးမြို့ နယ်ခန်းမသို့ သွားရောက်၍ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် မိုးကာတဲ၊ စောင်၊ ခြင်ထောင်နှင့် အဝတ်အထည်များ ပေးအပ်ကြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ချမ်းသာကြီးမြတ်စွာဘုရား၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အမရပူရမြို့နယ်ရှိ ရွှေဘုံသာ ကျောင်းများသို့ သို့သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှု၍ ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သန့်ရှင်းရေးဆောင်ရွက်နေသည့်အဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ စိတ်အေးချမ်းသာစွာပညာသင် ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင် ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ပြည်လုံးနိုင်ရပ်ကွက်ရှိ အန္တရာယ်ရှိ အဆောက်အဦအား ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက် အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ (၂၁၅၂)လုံးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အအုံ(၁၉၀၄)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ(၂၄၈)လုံးမှ အဆောက်အအုံ (၁၇၄)လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ(၇၄)လုံးဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် Myanmar Conch Cement Co.,Ltd.(ALPHA) ဘိလပ်မြေစက်ရုံ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများက လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စက်ရုံများပြုပြင်နိုင်ရန် ပထမအပိုင်းလုပ်ဆောင်မှုအနေ ဖြင့် ပြည်ပမှပညာရှင်များဖြင့် Power Plant များပြင်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် Clinker များ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ Cement Mill ပြင်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကုန်ချောများ စတင် ထုတ်လုပ်နိုင်ပြီး လုပ်ငန်းများလည်ပတ်ရန် ရည်မှန်းချက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေ စက်ရုံ ဗဟိုထိန်းချုပ်ခန်း၊ Kiln မီးသင်းဖိုပြုပြင်နေမှုများ၊ Cement Packing အဆောက်အအုံ ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းများ ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများက လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စက်ကိရိ ယာများပြင်ဆင်ရန် လျာထားစီမံချက်အနေဖြင့် ကုန်ထုတ်လိုင်းအမှတ်(၁)အား ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအား ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်တွင် ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်ထုတ်လိုင်းအမှတ်(၂)အား မူလဆောက်လုပ်သူ Sinoma Company မှ ပညာရှင်များဖြင့် အသေးစိတ်ပြုပြင်ရမည် ဖြစ်၍ (၆)လခန့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြချက်များ အပေါ် ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကုန်ထုတ်လိုင်းအမှတ်(၁)အား အပြီးပြုပြင်ပြီးပါက (၁)ရက်လျှင် တန်(၅၀၀၀) ဘိလပ်မြေ အိတ်(၁)သိန်း အမြန်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြုပြင်မှုတွန်း အားပေးဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဆင်မင်းဘိလပ်မြေစက်ရုံမှ Cement Silo များ ပြုပြင်နေမှုများ၊ Soil Test များ ပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လျှပ်စစ်မီးရရှိအောင်ပြုလုပ်ပေးပြီးဖြစ်သဖြင့် စက်ရုံအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပြီး လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Travel Advisory (1/2025)

Ministry of Hotel & Tourism / Posted on May 12, 2025

ခရီးသွားအကြံပြုချက် (၁/၂၀၂၅)

Ministry of Hotel & Tourism / Posted on May 12, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023