ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 22, 2025
image_latest


နေပြည်တော် မေ ၂၂

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ သာသနိကအဆောက်အအုံနေရာများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်အတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများ မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် Modular House ဆောက်လုပ်နေမှုအခြေ အနေများနှင့် စစ်ကိုင်းမြို့အတွင်းရှိ အန္တရာယ်ရှိလူနေအဆောက်အအုံများကို မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများတိုးချဲ့၍ အရှိန်အဟုန် မြှင့်တင်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ပန်း၊ ရေချမ်းကပ်လှူပူဇော်ပြီး ကန္ဓကုဋိတိုက် ပြန်လည်မွန်းမံပြင်ဆင်ခြင်းလုပ်ငန်းနှင့် ကျောင်းတော်ကြီးအား ပြုပြင်ဆောင်ရွက်နေမှုအား လည်းကောင်း၊ စိန်ဖူးတော်အသစ် ပြုလုပ်နေမှုအခြေအနေများအားလည်းကောင်း၊ ယာယီအပူဇော်ခံထားရှိသော ထီးတော်ကြီး စိန်ဖူတော်အဟောင်းနှင့် ဘုရားကြီးမျက်နှာသစ်ရာတွင် အသုံးပြုသော ရတနာပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအား လည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

၎င်းနောက် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ပင်မဆောင်အပေါ်ထပ်ရှိငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်ဆီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများ၊ တက္ကသိုလ်စာကြည့်တိုက်တွင် အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ထားရှိမှုတို့အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပစ္စည်းလက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာယီရုံးတွင် ရှာဖွေတွေ့ရှိသော ပစ္စည်းများအား သက်ဆိုင်ရာပိုင်ရှင် အသီးသီးထံ စနစ်တကျလွှဲပြောင်းထားရှိမှုနှင့် ထပ်မံရှာဖွေတွေ့ရှိသောငွေနှင့် ပစ္စည်းများအား စနစ်တကျထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးဝဲ/ယာရှိအန္တရာယ်ရှိ အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများနှင့် အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရာကြီး ထီးတော်ပြန်လည်ပြုပြင်ရန်အတွက်ပြင် ဆင်ထားရှိမှုများနှင့် ရွှေကူကြီးမြတ်စွာဘုရားအတွင်းရှိ ကျောင်းတိုက်များအား စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကိုလည်းကောင်း ချမ်းမြသာစည်မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော “အောင်” အီလက်ထရောနစ် ပစ္စည်းရောင်းဝယ်ရေးဆိုင်အား စက်ယန္တရားကြီးများဖြင့် ဖြိုဖျက်နေမှုအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိကျုံး အနောက်စည်ရှည်တံခါးအားသွားရောက်၍ လုပ်ငန်းပြီးစီးမှုအခြေအနေများအား လည်းကောင်းကြည်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ယာယီ(၃)ခန်းတွဲ လိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများနှင့် ကျောက်ဆည်ခရိုင်စုပေါင်းရုံး အတွင်း၊ ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် Modular Container House များ တည်ဆောက်နေမှုအခြေအနေများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများနှင့် စဉ့်ကိုင်မြို့နယ်ရှိ Power Gen Kyaukse Campany Limited သဘာဝဓာတ်ငွေ့အင်ဂျင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် စက်များပြန်လည်လည်ပတ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 14, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on May 20, 2025

၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023