ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / May 29, 2025

နေပြည်တော် မေ ၂၉
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သောတပန်ရပ်ကွက်နှင့် နန်းဦးမြို့သစ်တို့ရှိ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ အပျက်အစီးများကို မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ အဖွဲ့အစည်းအသီးသီးက လုပ်အားပေးရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ မြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွှင့်တာဝါတိုင်စခန်းသို့ သွားရောက်၍ တာဝါတိုင်ကြံခိုင်မှု၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အအုံ အပျက်အစီးများကို မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ပေါင်းလဲကြီး (မဟာရွှေသာလျှောင်း) မြတ်စွာဘုရားနှင့် နဂါးရုံဘုရားတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ရှေးဟောင်းစေတီအပျက်အစီးများအား ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေတွေ့ရှိရသော ဌာပနာတော်များ ထိန်းသိမ်းထားရှိမှုတို့ကို သွားရောက်ကြည့်ရှု၍ အလှူငွေပေးအပ်လှူဒါန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မဟာအောင်မြေမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများအား ဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်ဆီးဆဲအန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လွန်ကဲတံခါး၊ ပြဿဒ်နေရာများနှင့် ကျုံး၏ အရှေ့တောင်ထောင့်ရှိ ငလျင်ဒဏ်ကြောင့် မြေအောက်သို့ နိမ့်ဝင်သွားသော နတ်ကွန်းအား ပြန်လည်မတင်ခြင်းလုပ်ငန်းများ၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်၊ ကွမ်းသီးတန်းရပ်နှင့် အောင်နန်းအနောက်ရပ်တို့ရှိ ချမ်းအေးသာစံမြို့နယ်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အပျက်အစီးများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည်ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်း၌ မုခ်ဦးပြုပြင်နေမှုများ၊ စာချကိုယ်တော်များအတွက် ကျောင်းဆောင်နှင့် ဆွမ်းစားဆောင်ကြမ်းခင်းများ ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်အားပေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းသည်။
၎င်းနောက် ကျောက်ဆည်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြင်စိုင်း) ကျောင်းဝန်းအတွင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု၊ အင်ရောင်းကျေးရွာရှိ အင်ရောင်းဆေးဝါးစက်ရုံတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နေမှု၊ မင်းစုကျေးရွာရှိ အိမ်သုံးစတီးပစ္စည်းစက်ရုံ (မင်းစု) တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု စဥ့်ကိုင်မြို့နယ်၊ ဧည့်ပြကျေးရွာအုပ်စု၊ မက္ခရာကျေးရွာ၊ မက္ခရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီတော်ကြီးများ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။



Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 29, 2025
NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Ministry of Planning and Finance / Posted on May 27, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Transport and Communications / Posted on May 22, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း