ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / June 06, 2025

နေပြည်တော် ဇွန် ၆
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ အောင်ချမ်းသာရပ်ကွက် စစ်ကိုင်းဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်အတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြင်ဆင်ထားမှုနှင့် ကျောင်းဖွင့်ရာသီအမီ ပြင်ဆင်ထားမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၊ ပိုးတန်းရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ (၃) ထပ်ဆောင်နှင့် အမှတ် (၁) နှင့် အမှတ် (၂) ထူပါရုံကျောက်စာတိုက်အဆောက်အအုံတို့၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှားပေးနေမှုနှင့် ယာယီစာသင်ဆောင်များ ပြန်လည်ဆောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်အားပေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်၊ စစ်ကိုင်းတောင်ရိုးပိတောင်ချောင်ကျောင်းတိုက်၊ ထွဋ်ခေါင်ရပ်ကွက် မိုးညှင်းကျောင်းတိုက်၊ သောတပန်ရပ်ကွက် သီတဂူဗုဒ္ဓတက္ကသိုလ် ပုရဝုဏ်အတွင်းနှင့် သကျဓီတာသီလရှင်စာသင်တိုက်တို့၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အပျက်အစီးများ ရှင်းလင်းဖယ်ရှားပေးနေမှု၊ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုနှင့် စက်ယန္တရားကြီးများဖြင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုများကို ကြည့်ရှုအားပေး၍ လုပ်အားပေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ မဟာအောင်မြေအနောက်ရပ်ကွက်နှင့် ရဲမွန်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိလူနေအဆောက်အအုံများရှိ ဖြိုချရှင်းလင်းရန်ကျန်အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများ၊ ဖြိုချဖျက်စီးဆဲအန္တယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက်ရှင်းလင်းရေးဆောင်ရွက်နေမှု၊ ဖြိုချပြီးအပျက်အစီးများအား အပြီးသတ်ရှင်းလင်းနေမှုများ၊ အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ မဟာသက်ကျရံသီကျောက်တော်ကြီး မြတ်စွာဘုရားများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စိန်ဖူးတော်များနှင့် ဋ္ဌာပနာပစ္စည်းများအား သိမ်းဆည်းထားရှိမှုနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ရှိ ဗေါင်းတော်ရဆုတောင်းပြည့်မြတ်စွာဘုရား၊ ရေနားပရိယတ္တိစာသင်တိုက်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နှစ်ထပ်ကျောင်းဆောင်အား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အပျက်အစီးများအား တပ်မတော်သားများက ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများ၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ငှက္ကတောင်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား သွားရောက်ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ ရွှေတောင်ထီးစေတီတော်ကြီး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီကျောက်တုံးကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများ သယ်ယူရာတွင် အထောက်အပံ့ဖြစ်စေရန် ဆိုင်းကြိုးတပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာရှိ ပင်မဓာတ်အားခွဲရုံ (ဘယ်လင်း) ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုများနှင့် ဓာတ်အားအပြည့်အဝဖြန့်ဖြူးပေးနိုင်စေရေး အခြေအနေများနှင့် ရှမ်းကန်မြောက်ကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Ministry of Information / Posted on June 06, 2025
ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Transport and Communications / Posted on June 04, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Union Civil Service Board / Posted on June 05, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)