ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / June 14, 2025

နေပြည်တော် ဇွန် ၁၄
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ သကျမီတာသီလရှင်စာသင်တိုက်၊ သမ္ဗုဏ္ဏာရာမကျောင်းတိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းဆောင်များကို လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးဒဏ်သင့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် တပ်မတော်ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေးများပေးဝေနိုင်ရေးနှင့် ပြည်သူများသောက်သုံးရေး ပြည့်ပြည့်ဝဝ ဖြန့်ဝေနိုင်ရေးတို့အား ကြပ်မတ်ဆောင်ရွက်ပေးကာ ဖယ်ရှားရှင်းလင်းပြီးသော သာသနိကအဆောက်အအုံများနှင့် ကျောင်းဆောင်အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်အားပေးဆောင်ရွက်နေသူများကို အချိုရည်များပေးအပ်သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နေရာများသို့သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည့်စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိတို့ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ပြန်လည်ကျင်းပမည့် ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနများ၌ စာမေးပွဲဖြေဆိုရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ စာမေးပွဲကြီးကြပ် ရေးရုံးများတွင် မေးခွန်း/အဖြေလွှာစသည့် စာရွက်စာတမ်းများအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရေး၊ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ စီစဉ်ဆောင်ရွက်ထားရှိပေးနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်မီသွားလာနိုင်ရန် တာဝန်ရှိသူများကတက်နိုင်သည့် နည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးသွားရေးတို့အားမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ မဟာရတနာမဉ္ဇူတိလောကမာရ်အောင် အောင်မြေရွှေဘုံမြတ်စွာဘုရားသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော သာသနိကအဆောက်အအုံ အပျက်အစီးများနှင့် ဘုရားစေတီအပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများ၊ စက်ယန္တရားကြီးများအသုံးပြု၍ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်နေမှု အခြေ အနေများအား၊ ပြန်လည်တူးဖော်ရရှိသော ဋ္ဌာပနာပစ္စည်းများအား စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်း (ခွဲ) သို့ သွားရောက်၍ ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန၌ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ များ၊ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Ministry of Information / Posted on June 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့်...
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025