ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့်မှ ပြန်လည်ပြုပြင်ပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ၌ ဝန်ထမ်းများပြန်လည်ပြောင်းရွှေ့နေထိုင်နေမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး
ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့်မှ ပြန်လည်ပြုပြင်ပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ၌ ဝန်ထမ်းများပြန်လည်ပြောင်းရွှေ့နေထိုင်နေမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 24, 2025
နေပြည်တော် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပြာရောင်အဆင့် သတ်မှတ်၍ ပြန်လည်ပြုပြင်ပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ နေထိုင်ခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘောဂသိဒ္ဓိရပ်ကွက် ပိတောက်အိမ်ရာ တိုက်အမှတ် ၈၂၁၊ ၈၂၂ နှင့် တိုက်အမှတ် ၇၄၇၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ တိုက်အမှတ် ၅၃၅၀ နှင့် ၅၃၅၁ တို့တွင် ဝန်ထမ်းများနှင့်မိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ရေဆင်းမြောင်း ပြိုကျပျက်စီး၍ ပိတ်ဆို့နေမှု၊ မီးဖိုခန်းနှင့် ဘေစင်ရေပိုက်လိုင်းများ၊ ရေတိုင်ကီရေစိမ့်ထွက်နေမှုများ၊ အုတ်နံရံရေယိုစိမ့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေ၊ မီး၊ မိလ္လာသုံးစွဲမှုအဆင်ပြေစေရေး၊ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများထဲတွင် မပါရှိသော်လည်း တည်ဆောက်ထားမှုနှင့် လူနေထိုင်မှုကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်းလျက်ရှိသည့် တံခါးနှင့် တံခါးကျည်းပေါင်များ ပြန်လည်ပြုပြင်ပေးနိုင်ရေး၊ တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အဆောက်အအုံများ ရေရှည်တည်တံ့စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်နှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
