ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 21, 2026
နေပြည်တော် မတ် ၂၀
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အကျိုးရှိရှိ အသုံးချ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် မကြာမီကပြဋ္ဌာန်းခဲ့သည့် ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအပါအဝင် AML/CFT ဆိုင်ရာ ဆက်စပ်ပြည်တွင်းဥပဒေများ၊ AML/CFT ဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ လက်ရှိမြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် တိုးတက်ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်မဟာဗျူဟာ ၂၀၂၄-၂၀၂၈ ပါ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးဆိုင်ရာနှင့် အန္တရာယ်အကဲဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆုံးရှုံးနိုင်ခြေအခြေပြု ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပ ကွင်းဆင်းစစ်ဆေးခြင်းများ၊ သတင်းပို့ရန်တာဝန်နှင့် ကြိုတင်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချ ပေးခဲ့သော AML/CFT ဆိုင်ရာ ဥပဒေမူဘောင်များနှင့် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသော AML/CFT ဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ထူးချွန်သူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
သင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း ၃၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ငါးရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
