စက်မှုဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုများ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ အခမ်းအနား ကျင်းပ
စက်မှုဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုများ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ အခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / January 02, 2026
နေပြည်တော် ဇန်နဝါရီ ၁
စက်မှုဝန်ကြီးဌာနဝန်ထမ်းများနှင့် မိသားစုများ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ၎င်းတို့၏မိသားစုဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအကြီးအကဲများနှင့် ဝန်ထမ်းများအားလုံး အတူတကွရင်းနှီးစွာတွေ့ဆုံခြင်း၊ မိတ်ဆုံစားခြင်းအားဖြင့် အချင်းချင်းအထက်အောက်မခွဲခြားဘဲ ချစ်ခင်ရင်းနှီးမှုကိုရရှိစေပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ဖိစီးနေသည့် စိတ်တင်းကျပ်မှုများကိုလည်း ပြေလျော့စေမည်ဖြစ်ကြောင်း၊ နှစ်သစ်ကူးချိန်တွင် ဝန်ထမ်းများအနေဖြင့် ကျရာတာဝန်များကို ထမ်းဆောင်ရင်း ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များနှင့် ဌာန၏လုပ်ငန်းတာဝန်များ၊ မိသားစုတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား ကံစမ်းမဲများ ဖွင့်ဖောက်ပေးအပ်နေမှုအခြေအနေတို့ကို အားပေးကြည့်ရှု၍ ဆုလက်ဆောင်များပေးအပ်ပြီး ဝန်ထမ်းများနှင့်အတူတကွ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Ministry of Information / Posted on January 01, 2026

သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on December 31, 2025