စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံ့အင်အား တည်ဆောက်


Ministry of Information/ Naypyitaw / October 27, 2025
image_latest


ကမ္ဘာကြီးပိုမိုပူနွေးလာမှုက ကမ္ဘာ့ရာသီဥတုကိုဖောက်ပြန်ပြောင်းလဲစေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသဖြစ်စဉ်များကလည်း ယခင်ကမကြုံခဲ့ဖူးသည့် ပိုမိုပြင်းထန်ကြမ်းတမ်းသည့်ဖြစ်စဉ်များ ပိုမိုဖြစ်လာနေသည်။ ထိုနည်းတူစွာပင် ကမ္ဘာ့နိုင်ငံရေးအခြေအနေမှာလည်း ပြီးခဲ့သည့်ရာစုနှစ်နှင့် ကွဲပြားခြားနားသွားခဲ့ပြီဖြစ်သည်။ ပါဝါရွှေ့ပြောင်းမှုအသစ်၊ အားပြိုင်မှုအသစ်တို့နှင့် ကမ္ဘာသည်အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် ချောက်ကမ်းပါး၏ အနားစွန်းတစ်လျှောက်တွင် ဒယိမ်းဒယိုင်လမ်းလျှောက်နေပြီး မည်သည့်နေရာမှ ပေါ်ပေါက်လာမည်မသိသော အန္တရာယ်တစ်စုံတစ်ရာကို မျှော်လင့်နေရသည်နှင့်တူနေသည်။

မိမိတို့နိုင်ငံသည် ကမ္ဘာ့ပါဝါအပြောင်းအလဲတွင် ပထဝီအနေအထားအရအရေးပါသည့်နေရာတွင် တည်ရှိနေသည်။ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသည့်အနေအထားအရ မိမိတို့နိုင်ငံမှာ အခွင့်အလမ်းများရှိနေသလို စိန်ခေါ်မှုများလည်းရှိနေသည်။ မည်သည့်အရာတို့ရှိနေစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ခံအားကောင်းမွန်နေရန်လိုအပ်ပြီး အခွင့်အလမ်းများကို ရယူရာတွင်ဖြစ်စေ၊   စိန်ခေါ်မှုများကိုရင်ဆိုင်ရာတွင်ဖြစ်စေ အင်အားရှိမှသာ အောင်မြင်မှုရနိုင်မည်ဖြစ်သည်။

“လက်ရှိကာလ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်းတွင်နေထိုင်ကြသည့် နိုင်ငံသူ၊နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ရန်လိုသည်ကို တွေ့နိုင်ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကို ဖြစ်ထွန်းစေကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားနှင့်သာ တည်ဆောက်ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၇)မှ ကျောင်းသားကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း တည်ရှိနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များအားလုံးအဆင့်အတန်းအတူတူဖြစ်သကဲ့သို့ မှီတင်းနေထိုင်ကြသူအားလုံးမှာလည်း တန်းတူရည်တူသာဖြစ်သည်။ နိုင်ငံအတွင်းဆယ်စုနှစ်များစွာ ရှည်ကြာနေပြီဖြစ်သည့် နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းများနှင့်အဖြေရှာနိုင်ရန် အခင်းအကျင်းလည်းရှိထားပြီဖြစ်သည်။ သို့ရာတွင် လူမျိုးရေး၊ နိုင်ငံရေးအကြောင်းပြချက်များဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုအရသာ တွေ့နေသူလူအချို့က ခေါင်းဆောင်မှုနေရာကိုရယူကာ လူမျိုးခွဲခြားမုန်းတီးရေးနှင့် ကျဉ်းမြောင်းသည့်လူမျိုးရေး အယူအဆများ၊ မှားယွင်းသည့်နိုင်ငံရေးအမြင်များ သွတ်သွင်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် နိုင်ငံကိုပျက်စီးစေမည့် အဖျက်လုပ်ရပ်များကို ပြုလုပ်လျက်ရှိကြသည်။

အမှန်တကယ်အားဖြင့်ဆိုရလျှင် ပြည်ထောင်စုဖွားနိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသူ၊ တိုင်းရင်းသားအားလုံးက “ငါတို့အားလုံးသည် မြန်မာ (We Are Myanmar)” ဟူသော စိတ်၊ တစ်သွေးတည်း၊ တစ်သားတည်းစည်းလုံးညီညွတ်သည့် အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ နိုင်ငံ့အင်အားတောင့်တင်းခိုင်မာရေးတို့အတွက် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်စွာသောအင်အားဖြင့် တက်ညီလက်ညီတည်‌ဆောက်ကြရပါမည့်အကြောင်း။     ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရေကြောင်းသတိပေးကြေညာချက်

Ministry of Information / Posted on October 27, 2025

ရေကြောင်းသတိပေးကြေညာချက်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Ministry of Information / Posted on October 27, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Ministry of Information / Posted on October 27, 2025

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023