စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ


Ministry of Information/ Naypyitaw / May 04, 2026
image_latest


ရန်ကုန် မေ ၃

ကွယ်လေးရဲ့မောင့်ခြုံထည် တန်းသွယ်လို့မိုး

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆုဝတ္ထုရှည် ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်ညွန့်ကျော်၏ “ကွယ်လေးရဲ့ မောင့်ခြုံထည် တန်းသွယ်လို့မိုး” စာအုပ်ကို ရောင်းဈေးကျပ် ၅၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် အဓိကဇာတ်ကောင်ဖြစ်သည့် အောင်ဇော်သည် စာပေကို မြတ်နိုးလေးစားတန်ဖိုးထားသော အယ်ဒီတာတစ်ဦးဖြစ်သည်။ မဂ္ဂဇင်းတိုက်တစ်တိုက်တွင် အလုပ်လုပ်နေရင်း စာပေဂုဏ်သိက္ခာထက် ငွေကြေးအကျိုးအမြတ်ကို အဓိကထားသော ထုတ်ဝေသူ သူဌေးနှင့် အဆင်မပြေဖြစ်ကာ အလုပ်ထွက်ခဲ့ပြီး အငှားယာဉ်တက္ကစီမောင်း၍ မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေသည်။ သူ့နှလုံးသားထဲသို့ မသိမသာတိုးဝင်လာသော မိန်းကလေးနှစ်ဦးမှာ သူ့ကားကို အမြဲငှားစီးသော ကာရာအိုကေမယ် မြစံပယ်နှင့် သူ့အိမ်အနီးအပါးက သူ့မိခင်ကို ဂရုစိုက်သော ခင်ဝေဆိုသည့် မိန်းကလေးတို့ဖြစ်သည်။ နှစ်ဦးစလုံးက သူ့အပေါ် သံယောဇဉ်ငြိတွယ်နေပြီး နှစ်ဦးစလုံးက ကရုဏာသက်စရာ ဘဝနာကြသူများဖြစ်သည်။ နောက်ဆုံးတွင် သူ့မိခင်လိုလားသော ခင်ဝေကိုသာ ဘဝလက်တွဲဖော်အဖြစ် သူရွေးချယ်ခဲ့ပုံကို ရေးဖွဲ့ထားသည်။

စာရေးသူသည် တက္ကစီသမားတစ်ယောက် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းရသော အတွေ့အကြုံ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရေးဖွဲ့ထားသည့်အပြင် ဘဝတွင် အခက်အခဲမည်သို့ပင်ရှိပါစေဖြတ်လမ်းမလိုက်ဘဲ ဘဝခရီးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သိက္ခာရှိရှိ လျှောက်လှမ်းသောကြောင့် နောက်ဆုံးရလဒ်သည် စာဖတ်သူ၏ စိတ်နှင့် တစ်ထပ်တည်းကျအောင်ရေးဖွဲ့ထားနိုင်သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။

တောင်အရပ်မှာ ဓူဝံကြယ်

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု လူငယ်စာပေတတိယဆုရရှိသည့် စာရေးဆရာနောင်အံ့လူ၏ “တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်ကို ရောင်းဈေးကျပ် ၄၀၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်သည် အထည်ချုပ်လုပ်ငန်းကျွမ်းကျင်သော ကိုပိုင်အမည်ရှိ လူရွယ်တစ်ယောက်က ပျောက်ဆုံးနေသည့် ညီမောင်မြင့်ဝေကို ရှာရန်ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ထိုင်းလူမျိုး သူဌေးမပိုင်၍ မြန်မာလူငယ်များ အလုပ်လုပ်သော အထည်ချုပ်စက်ရုံငယ်တစ်ခုတွင် ကြီးကြပ်သူအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ပုံ၊ မူလကအလုပ်ကို မလေးစားသော၊ သောက်စားမူးယစ်ရန်ဖြစ်တတ်သော မြန်မာအလုပ်သမားများကြောင့် စက်ရုံက အောင်မြင်မှုမရရှိဘဲဖြစ်နေစဉ် ကိုပိုင်ရောက်လာပြီးမှ မြန်မာလူငယ်များကို စည်းရုံး၊ သိမ်းသွင်း၊ ဆုံးမ၊ လမ်းညွှန်၊ ကူညီစောင့်ရှောက်သဖြင့် စည်းကမ်းတကျ အလုပ်ကြိုးစားလာကြပုံ၊ ထိုအခါ စက်ရုံသည်လည်း အချိန်တိုအတွင်း အောင်မြင်တိုးတက်လာပြီး ပိုင်ရှင်သူဌေးသာမက အလုပ်သမားများလည်း ဝင်ငွေတိုးကာ ပျော်ရွှင်ကြရပုံ၊ ငွေစုမိသဖြင့် အလုပ်သမားဘဝမှ ကိုယ်ပိုင်လုပ်ငန်းလေးများ ထူထောင်နိုင်ခဲ့ပုံ၊ သောက်စားမူးယစ်ပြီး ဘဝပျက်နေသော မောင်မြင့်ဝေလည်း သူ့ကိုယ်သူပြုပြင်၍ လူကောင်းတစ်ယောက်ပြန်ဖြစ်သွားပုံတို့ကို ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ ဝတ္ထုဇာတ်အိမ်ကို မဲဆောက်မြို့တွင် အခြေပြုသဖြင့် ထိုင်းလူမျိုးတို့၏ ဓလေ့စရိုက်နှင့် ရိုးရာယဉ်ကျေးမှုပွဲတော်များအကြောင်းကို မြည်းစမ်းသိရှိခွင့်ရပြီး အထည်ချုပ်စက်ရုံတစ်ရုံ၏ လည်ပတ်ပုံကို ဗဟုသုတအဖြစ် ဖတ်ရှုရမည့်အပြင် နိုင်ငံခြားရောက် မြန်မာလူငယ်များကို ဆောင်ရန်ရှောင်ရန်များနှင့်တကွ မြန်မာတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်နှင့် ပတ်သက်၍ မနိမ့်ပါးရေး၊ အစော်ကားမခံရရေးလမ်းညွှန်ပညာပေးထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

ကျွန်တော်တို့သားအမိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ဝတ္ထုရှည်တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “ကျွန်တော်တို့သားအမိ” စာအုပ်ကို ရောင်းဈေးကျပ် ၃၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်သည် အဓိကအားဖြင့် စာရေးသူနှင့် သူ့မိခင်တို့အကြားထားရှိသော တုနှိုင်းမဲ့မေတ္တာတရားကို လေးလေးနက်နက်ဖော်ကျူးထားသည့်အပြင် သားအမိနှစ်ဦးစလုံး လောကဓံ၏အထုအထောင်းကို မလျှော့သောလုံ့လနှင့် ကြံ့ကြံ့ခံရင်ဆိုင်ပုံ၊ ဘဝ၏ အနိမ့်အမြင့် အတက်အကျနှင့် အခက်အခဲမှန်သမျှကို သတ္တိရှိရှိကျော်လွှားပုံ၊ မိခင်ကြီး၏ ပြတ်သားမာကျောသောစိတ်ဓာတ်နှင့် သားဖြစ်သူ၏ မိခင်အပေါ် ရိုသေကိုင်းရှိုင်းအလေးအမြတ်ထားပုံအရေးအဖွဲ့များက ပီပြင်ထိမိလှသည်။ စာရေးသူငယ်ဘဝက ကြုံဆုံခဲ့သော ကြည်ကြည်ဆိုသည့် မိန်းကလေး၏ ရုပ်ပုံလွှာနှင့် သူ၏အဖြူရောင်သံယောဇဉ်ကလည်း ချစ်ခင်စွဲလမ်းနှစ်ခြိုက်စရာ။ စာရေးသူဖြတ်သန်းခဲ့သော အကြော်သည်၊ ဝါးကုန်သည်၊ သမဝါယမ စာရေး၊ မိုးလေဝသအခြေခံဝန်ထမ်း၊ အိတ်ပိတ် တင်ဒါဆွဲသူ၊ ရုပ်ပြဇာတ်လမ်းရေးဆရာ၊ ရုပ်ရှင်ကန်ထရိုက်တာ စသည့်ဘဝမျိုးစုံ၏ အတွေ့အကြုံအဖုံဖုံကိုလည်း ရင်သပ်ရှုမောဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုနောက်ခံ ကာလံဒေသံသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးစု၊ ခြောက်စုက အကြောင်းရပ်များဖြစ်သဖြင့် ထိုခေတ်ထိုအခါက ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အထွေထွေအရပ်ရပ်ကိုလည်း ဖတ်ခွင့်သိခွင့်ရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

ပျိုလေးကြိုလှည့်ပါ့

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရရှိသည့် စာရေးသူ သျှင်မိုးခင် (ယဉ်ကျေးမှုတက္ကသိုလ်) ၏ “ပျိုလေးကြိုလှည့်ပါ့” စာအုပ်ကို ရောင်းဈေးကျပ် ၃၀၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ယုံကြည်မှုနှင့် ဓလေ့ထုံးစံအရ ၃၇ မင်းနတ်တို့၏ အတ္ထုပ္ပတ္တိကို ဖွဲ့ဆိုထားသော နတ်သီချင်း (နတ်ချင်းများ) နှင့် နတ်ကတော်အက (နတ်အကများ) ပေါ်ပေါက်လာခဲ့သည်။ သီချင်းများသည် မြန်မာ့ရိုးရာသီချင်းများ (Myanmar Folk Songs) ဖြစ်ခဲ့ကြသည်။ နတ်သီချင်းများနှင့် နတ်အကများသည် မြန်မာ့ရုပ်စုံသဘင်မှ မြန်မာ့ဇာတ်သဘင်စင်မြင့်သို့ ရောက်ရှိလာသောအခါ နတ်ကတော်အကနှင့် အပျိုတော်အကဟူ၍ ထပ်မံကွဲပြားသွားပြန်သည်။ နတ်ကတော်အကနှင့် အပျိုတော်အကတို့၏ တေးဂီတ၊ ကကြိုးကကွက်များနှင့် ဝတ်စားဆင်ယင်မှုများသည်လည်း တူသယောင်နှင့် သီးခြားစီဖြစ်နေကြသည်။ သို့သော် မြန်မာ့ရိုးရာအကများတွင် အပျော်အက၊ အလှအကနှင့် သရုပ်ဆောင်အကဟူ၍ သုံးမျိုးရှိရာ နတ်အကတွင် ထိုသုံးမျိုးစလုံးပါဝင်နေသည့်အပြင် ဋ္ဌာန်၊ ဟန်၊ မာန်ဟူသော အချက်များနှင့်လည်း ကိုက်ညီနေကြကြောင်းကို ကျမ်းကိုးအထောက်အထားများ၊ ပညာရှင်များထံမှ တွေ့ဆုံမေးမြန်းချက်များဖြင့် ခိုင်မာပြည့်စုံစွာရေးသားထားသည်။ ထို့ပြင် နတ်သီချင်း၊ နတ်အကများကို ပိုမိုပြီးသိသာပေါ်လွင် မှတ်သားချင်စဖွယ်ကောင်းအောင် ကပြနေကြပုံ စုံလင်စွာဖြင့် သုတ/ ရသပါစွာရေးဖွဲ့ထားသည်။

အဆိုပါစာအုပ်များကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၂-၄ဝ၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video