စာမေးပွဲမဝင်ခင် ကြိုတင်၍ ပြင်ဆင်ဉာဏ်ပညာ လုံ့လဝီရိယဖြင့် ကြိုးပမ်း


Ministry of Information/ Naypyitaw / March 10, 2026
image_latest


မနက်ဖြန် မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိသည် တက္ကသိုလ်ဝင်စာမေးပွဲ (Grade 12) ဖြေဆိုကြရမည့် ရက်သတ္တပတ်ပင်ဖြစ်သည်။ ပညာသင်နှစ်တစ်နှစ်တာ ကြိုးစားသင်ယူလေ့ကျင့်ခဲ့သမျှတို့ မည်မျှတတ်မြောက်ခဲ့သည်ကို ဆန်းစစ်မည့် အခါသမယဖြစ်ရာ သင်ခန်းစာအားလုံးတို့ကို ကျေကျေညက်ညက်၊ ပိုင်ပိုင်နိုင်နိုင်လေ့ကျက်၊ လေ့ကျင့်ခဲ့သူတို့ အခက်အခဲမရှိ ဖြေဆိုသွားနိုင်ကြမည်သာဖြစ်သည်။

မနက်ဖြန်သည် တက္ကသိုလ်ဝင်စာမေးပွဲ ရက်သတ္တပတ်၏ ပထမဆုံးနေ့ဖြစ်ရာ ယနေ့သည် ပွဲမဝင်မီပြင်ဆင်ရမည့်နေ့ဖြစ်သည်။ မိမိသွားရောက်ဖြေဆိုရမည့် စာစစ်ဌာန၏ တည်နေရာကို တိကျမှန်ကန်စွာ သိပြီးပြီလားဟု မိမိကိုယ်ကိုမေးခွန်းထုတ်၍ မသေချာလျှင် ယနေ့သည် သေချာစွာသိရှိအောင် ပြုလုပ်ရမည့်နေ့ဖြစ်သည်။ မနက်ဖြန်တွင် မဖြစ်မနေယူဆောင် ပါရှိသွားရမည့် စာမေးပွဲဖြေဆိုခွင့် ကတ်၊ ကျောင်းသားကတ် စသည့်အထောက်အထားများကို ဘောပင်၊ ခဲတံ၊ ပေတံ စသည့်စာရေးကိရိယာများနှင့်အတူ ထားရှိရန်လည်း မမေ့မလျော့ကြဖို့လိုသည်။ စာမေးပွဲဖြေဆိုချိန်နီးခါမှ စာစစ်ဌာနမှားယွင်းရောက်ရှိလာကြသူများ၊ စာစစ်ဌာနကျောင်းပေါက်ဝသို့ ရောက်ရှိသောအခါတွင်မှ စာမေးပွဲဖြေဆိုခွင့်ကတ်မေ့ကျန်ခဲ့ခြင်းကြောင့် ရဲကိုအကူအညီတောင်း၍ အိမ်ပြန်ယူကြရသော အဖြစ်များမှာ နှစ်တိုင်းကြားသိနေရခြင်းဖြစ်ရာ လွန်စွာစိတ်ပင်ပန်းရမည့် ယင်းကဲ့သို့ အဖြစ်မျိုးမဖြစ်စေရန် ယနေ့ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်သည်။ ယနေ့အဖို့ နောက်ဆုံးလုပ်ရမည့်အလုပ်သည် မနက်ဖြန်ဖြေဆိုရမည့် ဘာသာရပ်ကို မမေ့လျော့စေရန် ပြန်၍နွှေးကြရန်သာဖြစ်ပြီး အိပ်ရေးဝဝအိပ်စက်ကြရန် ဖြစ်သည်။

စာမေးပွဲဖြေဆိုရမည့် ပထမဆုံးနေ့တွင် စာစစ်ဌာနရှိရာသို့ အချိန်အနည်းငယ်ကြိုတင်ရောက်ရှိအောင် သွားရောက်ကြဖို့လိုသည်။ ထိုနေ့တွင် မိမိဖြေဆိုရမည့် ခုံနံပါတ်နှင့် အခန်းနေရာတို့ကို ရှာဖွေရမည်ဖြစ်ရာ ယင်းအတွက် အချိန်အနည်းငယ်မျှ လိုအပ်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲရက်သတ္တပတ်သည် စာဖြေကျောင်းသားတစ်ဦးအဖို့ တိုက်ပွဲဝင်ကာလပင်ဖြစ်ရာ ရုပ်ပိုင်း၊ စိတ်ပိုင်းတို့ ကြံ့ခိုင်ကျန်းမာ ရွှင်လန်းနေကြရမည်ဖြစ်သည်။ စာမေးပွဲဟူသည် မူလတန်း ကျောင်းသားကျောင်းသူဘဝကတည်းကပင် အတွေ့အကြုံများစွာ ရှိခဲ့ပြီး ယခုစာမေးပွဲမှာ အခြေခံပညာကျောင်းသားကျောင်းသူဘဝ၏ နောက်ဆုံးစာမေးပွဲဖြစ်သည်။ အဆင့်မြင့်ပညာရေးသို့ တက်လှမ်းကြရာတွင် မိမိတို့တက်ရောက်ရမည့် တက္ကသိုလ်၊ ကောလိပ်တို့ကို တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များက အဆုံးအဖြတ်ပေးမည်ဖြစ်ရာ အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေးအတွက် ဂရုတစိုက်ကြိုးပမ်းဖြေဆိုကြရန် တိုက်တွန်းလိုသည်။ သို့ရာတွင် စိုးရိမ်ပူပန်မှုကြီးခြင်းနှင့် မိမိစိတ်ကြိုက်မဖြေနိုင်ခြင်းတို့ဖြစ်လာပါက ဘဝပျက်မတတ် အစွန်းရောက် ခံစားခြင်းတို့ကို သတိဖြင့်ရှောင်ကြဉ်ကြရမည်လည်း ဖြစ်သည်။

စာမေးပွဲကာလအတွင်း တစ်နေ့လျှင် တစ်ဘာသာဖြေဆိုကြရ မည်ဖြစ်ရာ မိမိ၏စာကြည့်နေရာတွင် ဖြေဆိုရမည့် ရက်စွဲနှင့် ဖြေဆိုရမည့် ဘာသာတို့ကို ဇယားဆွဲ၍ကပ်ထားကြရန်လည်း အကြံပြုလိုသည်။ ဘာသာရပ်တစ်ခုကို ဖြေဆိုပြီးသည့်နောက်တွင် နောက်တစ်နေ့ဖြေဆိုရမည့် ဘာသာရပ်အတွက်သာ အာရုံစိုက်၍ ပြင်ဆင်မှုများ ပြုလုပ်ကြရန်၊ ဖြေဆိုပြီးသွားသည့် ဘာသာရပ်တို့အတွက် ပြန်လည်၍ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်မနေကြရန်လည်း တိုက်တွန်းလိုသည်။ စာမေးပွဲကာလအတွင်း စာဖြေကျောင်းသားတစ်ဦးအနေဖြင့် မိမိ၏ စားမှု၊ နေမှု၊ အိပ်မှုတို့အပေါ် ဂရုပြုဆင်ခြင်နေထိုင်ကြရမည်ဖြစ်သကဲ့သို့ မိသားစုဝင်တို့က ကူညီမှုပြုကြရမည် လည်းဖြစ်သည်။

စာမေးပွဲဖြေဆိုချိန်တွင် စာမေးပွဲမေးခွန်းစာရွက်ကို အစမှ အဆုံးအထိ တစ်ကြိမ် သေချာစွာဖတ်ရှုရန်၊ မိမိပိုင်နိုင်စွာ ဖြေဆိုနိုင်မည့် မေးခွန်းကိုနံပါတ်ထိုး၍ စတင်ဖြေဆိုရန်၊ ဖြေဆိုပြီးစီးသည့် မေးခွန်းများကို ရေးခြစ်မှတ်သားထားရန်၊ မေးခွန်းအားလုံးကို ကြိုးစားဖြေဆိုရန်၊ လိုအပ်သည့် မေးခွန်းများအတွက် မြေပုံ၊ ရုပ်ပုံ၊ ဂရပ်များ၊ ဇယားများဆွဲသားဖြေဆိုရန်၊ မေးခွန်းအားလုံး ဖြေဆို ပြီးသည့်နောက်တွင် ပြန်လည်စစ်ဆေးရန် စသည်တို့မှာ မိမိတို့ အခြေခံပညာ ကျောင်းသားသက်တမ်းတစ်လျှောက် ဆရာ၊ ဆရာမများက သင်ကြားပြသခဲ့ကြသည့်အတိုင်းပင်ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲသည် ဖြေဆိုသူကျောင်းသူကျောင်းသားများ၊ မိဘအုပ်ထိန်းသူများက မျှော်လင့်ချက် အမြင့်မားဆုံးသော စာမေးပွဲဖြစ်ပြီး မိမိတို့မျှော်မှန်းထားသည့် တက္ကသိုလ်၊ ကောလိပ်စသည်တို့သို့ တက်ရောက်နိုင်ရေးအတွက် အောင်မြင်လိုကြသည်ချည်းပင်ဖြစ်သည်။ မိမိတို့၏ ဉာဏ်ပညာ၊ လုံ့လဝီရိယတို့ စိုက်ထုတ်ကြိုးစားကြသည်နှင့်အမျှ အောင်မြင်မှုရကြမည်မှာ မလွဲဧကန်အမှန်ပင်ဖြစ်သည့်အကြောင်း။ 

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video