စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ကျွန်းပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ကျွန်းပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုး
Ministry of Information/ Naypyitaw / July 06, 2025

နေပြည်တော် ဇူလိုင် ၅
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာကြရန် တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝင်းအတွင်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာတွင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်များကို အမျိုးသားရေးလှုပ်ရှား မှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုအားပေးသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်ပေါင်း ၁၀၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on July 04, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Union Civil Service Board / Posted on July 03, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)