စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကုန်သွယ်မှုကိုဆောင်ရွက်ရာတွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်လိုအပ်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကုန်သွယ်မှုကိုဆောင်ရွက်ရာတွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်လိုအပ်
Ministry of Information/ Naypyitaw / April 26, 2026
နေပြည်တော် ဧပြီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အစည်းအဝေးခန်းမ၌ကျင်းပသည့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန်တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံကျသည့် အုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်၊ အထည်ချုပ်၊ စက်မှုကုန်ချောအစရှိသည့် ပို့ကုန်များကို တိုးမြှင့်တင်ပို့ပေးရန်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစျေးကွက် ချဲ့ထွင်နိုင်ရေးအတွက် စီးပွားရေးသံမှူးများက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကိုရှေးရှုပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှမဖြစ်မနေလိုအပ်သော ကုန်ကြမ်းများ၊ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သောပစ္စည်းများကို စနစ်တကျ စိစစ်တင်သွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ ရွှေလင်ဗန်း စက်မှုဇုန်ရှိ ရွှေဝါရောင်ဆန်စက်နှင့် ဆန်သိုလှောင်ရုံ သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် ဆန်များကြိတ်ခွဲနေမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စက်ရုံတွင် ဆန်အားသန့်စင်ခြင်း၊ အခြောက်အရောင်တင်ခြင်း၊ ဆန်ကွဲခွဲထုတ်ခြင်း၊ ရေနှင့်ထပ်မံအရောင်တင်ခြင်း၊ ဆန်အဆင့်အတန်းခွဲခြားခြင်း၊ အရောင်ခွဲခြားခြင်းနှင့် ထုပ်ပိုးခြင်း လုပ်ငန်းစဉ်များနှင့် ပြည်ပသို့တင်ပို့ရန် သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့ သာဓုကန်စက်မှုဇုန်ရှိ Diamond Arrow General Trading Co., Ltd. ၏ နှမ်းသန့်စင်စက်ရုံနှင့် Bright Light Group Co., Ltd. ၏ ပဲမျိုးစုံ သိုလှောင်ရုံနှင့် ပဲသန့်စင်စက်တို့တွင် ပဲမျိုးစုံနှင့် နှမ်းသန့်စင်ခြင်း၊ အရွယ်အစားခွဲခြားခြင်း၊ အလေးချိန်ရွေးချယ်ခြင်း၊ ခဲရွေးခြင်း၊ အရောင်ခွဲခြင်း၊ အရွယ်အစားရွေးခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးမှုဖူလုံမှုရှိရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ အဆင့်မီပို့ကုန်များရရှိရေးအတွက် စက်ပစ္စည်းများ အရည်အသွေးမြှင့်တင်သွားရန် မှာကြားသည်။
ထို့နောက် သာဓုကန်စက်မှုဇုန်ရှိ Shwe Me Group of Companies ၏ ပြောင်းသိုလှောင်ရုံ၌ ပြောင်းများသိုလှောင်ထားရှိမှုနှင့် ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုအားလည်းကောင်း၊ ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ Light House Enterprise Co., Ltd. ၏ Myanmar Standard Rubber - MSR-20 (Technically Specified Rubber - TSR-20) ထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 24, 2026
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
