စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရေသောင်ကျေးရွာ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား ပြန်လည်ကယ်ထုတ်နိုင်ခဲ့


Ministry of Information/ Naypyitaw / June 08, 2025
image_latest


နေပြည်တော် ဇွန် ၈

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနေဖြင့် နိုင်ငံတော်အတွင်း ပညာတတ်လူငယ်များ ပေါ်ထွန်းလာမှုကို နှောင့်ယှက်ရန်ရည်ရွယ်၍ ပညာသင်ကြားပေးနေသည့် ဆရာ/ ဆရာမများအား DCS ပြုလုပ်ရန်နှင့် ၎င်းတို့၏အလိုကျ လိုက်ပါဆောင်ရွက်ခြင်းမရှိသော ပညာရေးဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာနေ ဆရာမ ဒေါ်ဖြိုးဝေဝေမြင့်အပါအဝင် ကျောင်းဆရာမ ၂ ဦး၊ ပညာရေးကောလိပ် ကျောင်းသား/ သူ ၄ ဦး၊ ကျောင်းသားမိဘ ၂ ဦးနှင့် အရပ်သူ ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့သည် ကျောင်းတက်ရန်အတွက် လိုက်ပါပို့ဆောင်သူများနှင့်အတူ မေလ ၂၄ ရက်နေ့တွင် မကွေးမြို့သို့သွားရောက်ရန် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်သို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်၍ စက်လှေဆိပ်သို့ ရောက်ရှိလာပြီး ဆရာမအား DCS ပြုလုပ်ရန်နှင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်ပြောဆိုပြီး မကြီးကျေးရွာဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် စေတုတ္တရာမြို့၏မြောက်ဘက် မီတာ ၂၄၀၀၀ ခန့်အကွာရှိ ပန်းအိကျေးရွာအတွင်း နေရာ ၂ နေရာမှ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများအနက် ဆရာမ ဒေါ်ဖြိုးဝေဝေမြင့် အထက်တန်းပြ (အထကခွဲ၊ ရေသောင်) ၊ ဒေါ်ချိုသဇင်ဦး လ/ထမူပြ (မူလွန်၊တောင်ဟန်ဒေါက်)၊ မခင်မိုးဝေ တတိယနှစ် ပညာရေးကောလိပ် (မကွေး)၊ မနွေးနွေးလှိုင် တတိယနှစ် ပညာရေးကောလိပ် (မကွေး)၊ မခင်စုစုလှိုင် ဒုတိယနှစ် ပညာရေးကောလိပ် (ပခုက္ကူ) စုစုပေါင်း ၅ ဦးတို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ရှာဖွေကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ပညာရေးကောလိပ် ကျောင်းသား ၁ ဦး၊ ကျောင်းသား မိဘ ၂ ဦး၊ အရပ်သူ ၁ ဦး၊ စုစုပေါင်း ၄ ဦး တို့ကို အမြန်ဆုံးရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဆက်လက်ရှာဖွေလျက်ရှိကြောင်းနှင့် ပြန်လည်ကယ်တင်ခေါ်ယူနိုင်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအဓမ္မ DCS လုပ်ဆောင်စေခြင်းနှင့် လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းများကို ပြည်သူလူထုအနေဖြင့် လွန်စွာရွံရှာမုန်းတီးလျက်ရှိပြီး PDFအကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များအား သတင်းရရှိပါက တာဝန်သိပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ အချိန်မီသတင်းပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Ministry of Information / Posted on June 06, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Ministry of Transport and Communications / Posted on June 04, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Union Civil Service Board / Posted on June 05, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023