စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / March 12, 2026
image_latest


နေပြည်တော် မတ် ၁၁

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတက်လာစေရေးဆောင်ရွက်နိုင်ခဲ့မှုအား သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ ရေနံမြေ၊ လုပ်ငန်းနှင့်စခန်းများမှ အရာထမ်းအမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ငါးနှစ်တာကာလအတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရှာဖွေတူးဖော်ရေးကဏ္ဍ၊ သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများနှင့်ပို့လွှတ်ရာတွင် လေလွင့်ဆုံးရှုံးမှု လျော့နည်းမှုမရှိစေရေးအတွက် ကြပ်မတ်ထိန်းသိမ်းပြုပြင်မှုကဏ္ဍ၊ ရေနံထွက်ပစ္စည်းများ ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရေးအတွက် စက်ရုံများပြင်ဆင်ထိန်းသိမ်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းကဏ္ဍ၊ ရေနံထွက်ပစ္စည်းများ တင်သွင်းရောင်းချသည့် လုပ်ငန်းစဉ်တစ်လျှောက် စစ်ဆေးကြပ်မတ်သည့်ကဏ္ဍတို့တွင် အစီအမံများချမှတ်၍ တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

စွမ်းအင်ကဏ္ဍနှင့်စပ်လျဉ်းသည့် နယ်ပယ်အသီးသီးတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက်လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ခဲ့သဖြင့် အထွက်တိုးလာခဲ့သည့်အပြင် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေးအတွက် အခြေခံကောင်းများ ချမှတ်နိုင်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်အတတ်ပညာများ ဝင်ရောက်လာစေရေးအတွက် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ၊ စွမ်းအင်ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံတကာမှ အကြီးအကဲများနှင့် ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးများ တည်ဆောက်ပြီး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးလာစေရေးအတွက် အဆုံးအဖြတ်ပေးနိုင်သည့် စာချုပ်စာတမ်းများကိုလည်း နိုင်ငံတော် နစ်နာမှုမရှိစေရေးအတွက် တာဝန်ယူချုပ်ဆိုနိုင်ခဲ့ကြောင်း၊ မြန်မာ့စွမ်းအင်သမိုင်းကြောင်းကို သိရှိစေရေးနှင့်ဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ အစီအမံများကို ပြည်သူများသိရှိ နားလည်စေခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ စွမ်းအင်ပြတိုက်ကိုလည်းဖွင့်လှစ်နိုင်ခဲ့ကြောင်း။

စွမ်းအင်စီမံကိန်းများသည် ဆယ်စုနှစ်နှင့်ချီ၍ ဆောင်ရွက်ရသည်ဖြစ်ရာ ဆက်လက်ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်များကိုလည်း အချိန်ကိုက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက်လည်း အစီအမံများချမှတ်ထားပြီးဖြစ်ရာ စိတ်အားထက်သန်စွာဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကို သင်ခန်းစာရယူပြီး အောင်မြင်သည့် အနာဂတ်ကို ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video