ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယပိုင်းနှင့် ဓမ္မသဘင်အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / May 01, 2026
image_latest


ရန်ကုန် ဧပြီ ၃၀

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယပိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသဏလိုဏ်ဂူ၌ ဆက်လက်ကျင်းပသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိ ဿရက ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာ မဟာဝိဟာရကျောင်းတိုက်ဆရာတော်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) မဟာသဒ္ဓမ္မ ဇောတိကဓဇ ​ဒေါက်တာ ရဝိန္ဒာပန့်သိ၊ သီရိ လင်္ကာနိုင်ငံ မာဒီဟာနာမြို့ ကိုလံဘိုတက္ကသိုလ် ပါမောက္ခ (ငြိမ်း) မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ အာစင်္ဂတိကရာနေ၊ ဘူတန်နိုင်ငံမှ ဆရာတော် ဘဒ္ဒန္တခန်ပိုဦး ဂျင်နပ်ဗြဲ၊ နီပေါနိုင်ငံမှ ဆရာတော် ဘဒ္ဒန္တနိဂြောဓ၊ မက္ကဆီကိုနိုင်ငံမှ ဆရာတော် ဘဒ္ဒန္တနန္ဒိသေန၊ အမေရိကန်ပြည်ထောင်စုမှ ဆရာတော် ဘိက္ခုစိန္တိတနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဆရာတော် ဒေါက်တာဘဒ္ဒန္တဘူဒိ​ဥတိုမော ဒိဋ္ဌိသမ္ပန္နောတို့က မြတ်ဗုဒ္ဓနေ့ သဝဏ်လွှာများကို ဖတ်ကြားကြသည်။

ယင်းနောက် နိုင်ငံတော်ပရိ ယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) မှ လက်ထောက်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် (တောင်ငူ) မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တတိက္ခသာရ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိနှင့် ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာရတို့က မြတ်ဗုဒ္ဓနေ့ သဝဏ်လွှာ များကို ဖတ်ကြားကြသည်။

ဆက်လက်၍ အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ဒုတိယနေ့ စာတမ်းဖတ်ပွဲ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

ညပိုင်းတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဓမ္မသဘင်ဆင်ယင်ကျင်းပခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပသည်။

ဦးစွာ ဧည့်ပရိသတ်များက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက ဆဋ္ဌသင်္ဂါယနာတင်ဆိုင်ရာ ဓမ္မကထာဒေသနာတော်များ ဟောကြားချီးမြှင့်တော်မူပြီး အလှူရှင်များက ဓမ္မပူဇာအလှူတော်ငွေများကို ကပ္ပိယကာရကထံ လွှဲအပ် လှူဒါန်းကြသည်။

ယင်းနောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ရေစက်သွန်းတရားချီးမြှင့်၍ ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video