ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပပြီးမြောက်


Ministry of Information/ Naypyitaw / May 03, 2026
image_latest


ရန်ကုန် မေ ၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာအခမ်းအနားတတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်း ကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာ တော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဆဋ္ဌသင်္ဂါယနာတင် မဟာ ထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် နိုင်ငံတော်ဩဝါဒါစရိယ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ရွှေတောင်ပါဠိ တက္ကသိုလ်နာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇနိယက သဘာပတိအဖြစ်ဆောင်ရွက်တော်မူပြီး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် တိပိ ဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရတို့က အဘိဓမ္မာ ပိဋကတ် သင်္ဂါယနာအမေးအဖြေပြုလုပ် ၍ သံဃာတော် ၁၅ ပါးတို့က စုပေါင်း သံပြိုင်ရွတ်ဆိုကြသည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသက ဩဝါဒကထာမိန့်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္နက မေ ၁ ရက်နေ့ ဆဋ္ဌသင်္ဂါ ယနာတင်စာတမ်းဖတ်ပွဲတွင် ဖတ်ကြား ခဲ့သည့် စာတမ်းငါးစောင်အပေါ် စိစစ် သုံးသပ်လျှောက်ထားသည်။

ဆက်လက်၍ သဘာပတိဆရာတော်ကြီးများနှင့် စာတမ်းရှင်ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ လှူဖွယ်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ပြီးစီးအောင်မြင်မှုအတွက် ကျေးဇူတင်စကားလျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ဆဋ္ဌသင်္ဂါယနာ တင်အောင်ပွဲနှစ်(၇၀)ပြည့်အထိမ်းအမှတ် ထောပနာနှင့် ကြေညာစာတမ်းကို မိန့်ကြားတော်မူသည်။

ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ သီတဂူဆရာတော်ကြီး အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်း အမှတ် မဟာမင်္ဂလာအခမ်းအနားဆိုင်ရာ ဩဝါဒများကို မိန့်ကြားတော်မူသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ထေရ်ရှင် ဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားခြင်း၊ သုံးရက်တိုင်တိုင် ဆဋ္ဌသင်္ဂါယနာတင်မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ သင်္ဂါယနာအမေးအဖြေပြုလုပ်ခြင်း၊ ပြည်တွင်းမှ စာသင်တိုက်ကြီးများ၊ ဗုဒ္ဓတက္ကသိုလ်များ၊ ပြည်ပနိုင်ငံအသီးသီး တို့မှ သဝဏ်လွှာများဖတ်ကြားခြင်းနှင့် သင်္ဂါယနာတင်နှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ဆိုင်ရာစာတမ်းများ ဖတ်ကြားခြင်းတို့ဖြင့် အောင်မြင်စွာပြီးမြောက်ကြောင်း ဩဝါဒကထာမိန့်ကြားပြီး ရေစက်ချတရားချီးမြှင့်တော်မူသည်။

သင်္ဂါယနာကို သာသနာသက္ကရာဇ် (၁)ခုနှစ်တွင် ပထမအကြိမ်၊ သာသနာသက္ကရာဇ် (၁၀၀)ပြည့်နှစ်တွင် ဒုတိယအကြိမ်၊ သာသနာသက္ကရာဇ်(၂၃၅)ခုနှစ်တွင် တတိယအကြိမ်၊ သာသနာသက္ကရာဇ် (၄၅၀)ပြည့်နှစ်တွင် စတုတ္ထအကြိမ်၊ သာသနာသက္ကရာဇ်(၂၄၁၅)ခုတွင် ပဉ္စမအကြိမ်၊ သာသနာသက္ကရာဇ် (၂၄၉၈)ခုတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ခဲ့ပြီး ယခုအခါ နှစ်(၇၀)ပြည့်သည့် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲအထိမ်းအမှတ် မဟာ မင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက်မှစ၍ မေ ၂ ရက်အထိ သုံးရက်တိုင်တိုင် သာသနာတော် သန့်ရှင်း၊ တည်တံ့ပြန့်ပွားစေရေးအတွက် အားထုတ်ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး သက်တော်ရှည်နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင် ဆရာ တော်ကြီးများ၊ ပိဋကတ်အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ နိုင်ငံ၊ ထေရဝါဒငါးနိုင်ငံမှ သံဃာတော်များ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဘူတန်နိုင်ငံ၊ မက္ကဆီကို နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတို့မှ သံဃရာဇာဆရာတော်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video