ဆလုံတိုင်းရင်းသားများ ပင်လယ်ပြင် ကင်းမွန်မျှားခြင်းကို ရိုးရာလုပ်ငန်းအဖြစ်လုပ်ကိုင်

Ministry of Information/ Naypyitaw / April 27, 2026
image_latest

ရန်ကုန် ဧပြီ ၂၆

ကော့သောင်းခရိုင်ရှိ မကြုံဂလက်၊ ညောင်ဝှီး၊ ဂျအုံး၊ ဂျလန်း၊ ဇာဒက်ကြီးကျွန်းတို့တွင် နေထိုင်ကြသည့် ဆလုံတိုင်းရင်းသားများသည် ရိုးရာလုပ်ငန်းဖြစ်သည့် မိသားစုလိုက် ပင်လယ်ပြင်ကင်းမွန်မျှားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြသည်။

ဆလုံတိုင်းရင်းသားများသည် သန္တာနီ၊ သန္တာနက်ကျွန်းနှင့် ငါးမန်းကျွန်းအနီး ပင်လယ်ပြင်၌ လစဉ်လဆုတ် ၃ ရက်မှ လဆန်း ၃ ရက်အထိ ရာသီမပြတ် ကင်းမွန်မျှားကြပြီး ၁၅ ရက်ကျော် အကြာတွင် ကမ်းသို့ပြန်ဝင်ကြသည်။

“ရှေ့က ကဗန်းစက်လှေကြီးနောက်မှာ ကျွန်တော်တို့ စတော်ငယ်လှေလေးတွေလိုက်ပါပြီး ကင်းမွန်မျှားဖို့နေရာရောက်ရင် မျှားကြပါတယ်။ ဖမ်းမိတဲ့ကင်းမွန်၊ ကျောက်ငါးတွေကို ကဗန်းလှေပိုင်ရှင်ဆီ ရောင်းတယ်။ သူကပဲဝယ်တယ်၊ ထမင်းကျွေးတယ်။ ကျွန်တော်တို့က မျှားတဲ့သူက မျှား၊ ရေငုပ်ပြီး ကျောက်ငါးရှာတဲ့သူက ရှာကြပါတယ်။ ကျွန်တော်တို့တွေက ရေ လုပ်ငန်းပဲလုပ်တတ်ပြီး ကင်းမွန်ကို ရာသီမပြတ် မျှားပြီးတော့ အသက်မွေးကြတာပါ။ မိုးရာသီဆိုရင် ကင်းမွန်ပိုပြီးရပါတယ်”ဟု ဇာဒက်ကြီးကျွန်းအနီး ပင်လယ်ပြင်တွင် ကင်းမွန်မျှားနေသည့် ဆလုံတိုင်းရင်းသား ကိုဇာန်မိုးက ပြောသည်။

ကော့သောင်းပင်လယ်ပြင် ကမ်းနီးရေတိမ်တွင် ဆလုံများသည်စတော်ငယ်လှေများဖြင့် ကင်းမွန်၊ ဗီးဇင်းငါး၊ ကျောက်ငါး၊ ကုလားငို၊ ဇာချမ်းငါးတို့ကို မျှားလေ့ရှိသည်။ အချို့ဆလုံများသည် မိသားစုလိုက် ပင်လယ်ပြင်သို့ ကဗန်းစက်လှေဖြင့်ထွက်၍ စက်တပ်ဂလတ်၊ ဝါးအလယ်ကျွန်းအနီး၌ ညပိုင်းတွင် အောက်ဆီဂျင်ဖြင့် ရေအောက်သို့ငုပ်ကာ လျှပ်စစ်မီးအသုံးပြုပြီး ကျောက်ပုစွန်(ပုဂဲ)၊ မျှော့၊ ကျောက်ငါးတို့ကိုဖမ်းဆီးပြီးနောက် မကြုံဂလက်ကျေးရွာ ဒိုင်သို့ရောင်းချကြောင်း သိရသည်။

သစ္စာ(MNA)

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။

Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။

Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

Video