တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၃
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ပြည့်စုံအောင်စီစဉ်ဆောင်ရွက်ပေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာတွင် ကျန်းမာရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းစီအတွက် လစ်ဟင်းမှုမရှိစေရေးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များ၊ ဦးစီးဌာနများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ တာဝန်ချထားမည့် ဆေးအဖွဲ့များအနေဖြင့် အရေးပေါ်ကျန်းမာရေးအခြေအနေတွင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောမွမ်းမံသင်တန်းများ ဆောင်ရွက်ပေးကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအမျိုးအစားစုံလင်အောင် စုဆောင်းပြင်ဆင်ထားကြရန်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်တို့၌ လွှတ်တော်ကိုယ်စားလှယ်များ ပြင်ပလူနာအဖြစ် လာရောက်ပြသနိုင်ရေး၊ အတွင်းလူနာအဖြစ် တက်ရောက်ရန်လိုအပ်ပါက တက်ရောက်နိုင်ရေးတို့အတွက် သင့်လျော်သော လူနာခန်းများ ပြင်ဆင်ထားရှိခြင်း၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းတို့အပါအဝင် လိုအပ်သောကုသရေးလုပ်ငန်းများအတွက် ပြည့်စုံအောင်စီစဉ်ဆောင်ရွက်ပေးထားရန်လိုကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အဆောက်အအုံများနှင့် တည်းခိုရိပ်သာများတွင် ဖွင့်လှစ်မည့်စားသောက်ဆိုင်များ၌ အစားအသောက်ချက်ပြုတ်မည့်သူများ၊ အစားအသောက်ကိုင်တွယ်ဧည့်ခံမည့်သူများအား အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပညာပေးသင်ကြားပြသ၍ ကူးစက်ရောဂါများအတွက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်ကြရန်၊ သောက်ရေ၊ သုံးရေများ သန့်ရှင်းမှုရှိစေရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ယင်ကောင်များ ပေါက်ပွားမှုမရှိစေရေးဆေးဖျန်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရက်ရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်သွားရမည့် လုပ်ငန်းများ၊ အပတ်စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပုံမှန်ဆောင်ရွက်သွားကြမည့် အစီအစဉ်များကို သေချာစီစဉ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ကျန်းမာရေးကော်မတီအတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြပြီး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ် မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းအဖွဲ့များအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
Announcement
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Ministry of Electric Power / Posted on March 03, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Myanmar National Human Rights Commission / Posted on March 02, 2026
The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
