တရုတ်ပြည်သူ့သမ္မတနိုင်ငံ စူကျိုးမြို့၌ ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှုဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက်


Ministry of Information/ Naypyitaw / May 24, 2026
image_latest


နေပြည်တော် မေ ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Wentao ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံစူကျိုးမြို့၌ ယမန်နေ့ကကျင်းပသည့် ဒေသ တွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic partnership Agree-ment – RCEP) နှင့် ပစိဖိတ်ဖြတ် ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေးသဘောတူစာချုပ် (Comprehensive and progr-essive Agreement for Trans-Pacific partnership – CPTPP) တို့၏ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိသည်။

ဆွေးနွေးပွဲကို RCEP နှင့် CPTPP သဘောတူစာချုပ်များတွင် ပါဝင်သောနိုင်ငံများအကြား နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှုကို ထောက်ခံရန်၊ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံသည့် ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရန်နှင့် စက်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များ တည်ငြိမ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး သဘောတူစာချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာကုန်သွယ်ရေးကိုယ်စားလှယ် (Full Minister Rank)၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Li Chenggang က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သောကုန်သွယ်မှုကို ထောက်ခံရေး၊ ပွင့်လင်းမြင်သာပြီး စည်းမျဉ်းအခြေခံသည့် ကုန်သွယ်မှုစနစ်ကိုထိန်းသိမ်းရေး၊ စက်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှု ရှိစေရေး၊ RCEP နှင့် CPTPP သဘောတူစာချုပ်များ အကောင်အထည်ဖော်ရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းပြီးစည်းမျဉ်းအခြေပြု နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အခိုင်အမာထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအပေါ်အချို့သောနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အတွင်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးကျေးဇူးများစွာရရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ အဆိုပါနိုင်ငံစုံကုန်သွယ်ရေးစနစ်သည် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းကို အထောက်အကူများစွာ ပြုပါကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင် ရွက်ချက်များသည် စီးပွားရေးကိုသာ အဓိကရှေးရှုလုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက် မပါရှိပါကြောင်း၊ ညီမျှပြီးတည်ငြိမ်သည့် ကုန်သွယ်ရေးဝန်းကျင်ကောင်းကို ရရှိစေရန် ပို့ကုန်၊ သွင်းကုန်နိုင်ငံများအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်မူဝါဒများကို မျှတ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်သင့်ပါကြောင်း၊ သင့်လျော်သည့် ကုန်သွယ်ရေးအခွန်နှုန်းထားများကို ထားရှိစေခြင်းဖြင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို တိုးမြှင့်လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒီဂျစ်တယ်နှင့်အစိမ်းရောင် စီးပွားရေး(Green Economy) ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးပေးမြှင့်တင်ရန် လိုအပ်ကြောင်းနှင့်ဒေသတွင်းပေါင်းစည်းမှု ခိုင်မာစေရန် RCEP နှင့် CPTPP သဘောတူစာချုပ်များအကြား ချိတ်ဆက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video