တရုတ် - မြန်မာ (၇၅) နှစ်မြောက် သံတမန်ဆက်ဆံရေးထူထောင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်မှု အစီအစဉ်တစ်ရပ်အဖြစ် တရုတ်ပုံရိပ်ရုပ်ရှင်ရက်သတ္တပတ်နှင့် တရုတ် - မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကျင်းပ
တရုတ် - မြန်မာ (၇၅) နှစ်မြောက် သံတမန်ဆက်ဆံရေးထူထောင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်မှု အစီအစဉ်တစ်ရပ်အဖြစ် တရုတ်ပုံရိပ်ရုပ်ရှင်ရက်သတ္တပတ်နှင့် တရုတ် - မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကျင်းပ
Ministry of Information/ Naypyitaw / November 17, 2025
ရန်ကုန် နိုဝင်ဘာ ၁၆
တရုတ်-မြန်မာ (၇၅) နှစ်မြောက် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်မှု အစီအစဉ်တစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ နေပြည်တော်ရုပ်ရှင်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရုပ်ရှင်ချစ်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ မိတ်ဆက်ဗီဒီယိုကို ပြသသည်။
ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိ
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခင်က တရုတ်နိုင်ငံမှ လာရောက်ကျင်းပသည့် ရုပ်ရှင်ပွဲတော်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် နှစ်စဉ်ကျင်းပခဲ့သည်ဟု သိရပါကြောင်း၊ မြန်မာပရိသတ်များအနေဖြင့် တရုတ်ရုပ်ရှင်ဇာတ်ကားများကို ယခင်ကတည်းက နှစ်ခြိုက်ကြသည့်အတွက် တရုတ်ရုပ်ရှင်ပွဲတော်များတွင် စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးခဲ့ကြပါကြောင်း၊ နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်းဆက်ဆံရာတွင် အချို့ပရိသတ်များသည် ဘာသာစကားနားမလည်သည့်တိုင် ရုပ်ရှင်၏ ရိုက်ကူးဖော်ပြချက်များကြောင့် လူသားအချင်းချင်း၊ နှလုံးသားချင်း၊ ရင်ဘတ်ချင်းနားလည်မှုရရှိပြီး ပိုမိုရင်းနှီးလာစေပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားတွင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွင်လည်း နှစ်နိုင်ငံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ် ရုပ်ရှင်ရက်သတ္တပတ်နှင့် တရုတ် - မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကိုလည်း မြန်မာပရိသတ်များအနေဖြင့် တရုတ်နိုင်ငံအကြောင်းကို ပိုမိုသိရှိနားလည်ပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ကို ကောင်းမွန်သည့် အစဉ်အလာအဖြစ် ထိန်းသိမ်းရင်းနောင်လာမည့်နှစ်များတွင်လည်း ယခုထက်ဇာတ်ကားအရေအတွက် ပိုမိုပြသနိုင်ရန်နှင့် ပွဲတော်များကို ဆက်လက်ကျင်းပနိုင်ပါစေကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး “ဝူခုန်း” ရုပ်ရှင်ဇာတ်ကားပြသမှုကို ကြည့်ရှုအားပေးကြသည်။
လာရောက်ကြည့်ရှုနိုင်
အဆိုပါ ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဝူခုန်း၊ မင်္ဂလာပါမေမေ၊ လကမ္ဘာစွန့်စားခန်း၊ သူရဲကောင်းရှစ်ရာ၊ ချစ်သောဇာတိမြေ၊ စာဆိုတော်နှင့် ကြောင်နက်ရှင်၊ ကန္တာရဓားသမား၊ အလွဲများနှင့်ဘဝဟူသည့် မြန်မာစာတန်းထိုးတရုတ်ရုပ်ရှင်ဇာတ်ကား ရှစ်ကားကို အခမဲ့ပြသသွားမည်ဖြစ်ကာ အမည်စာရင်းပေးသွင်း၍ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ၊ ရွှေတောင်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံအား ၂၀၂၆ ခုနှစ် မတ်လမတိုင်မီ ပြင်ဆင်ဆောင်ရွက်ပေးရန်နှင့် စံချိန်စံညွှန်းပြည့်ဝစွာ ပြင်ဆင်ပေးရန်၊ ထိုင်ခုံခင်းကျင်းမှုနှင့် အသံစနစ်၊ မီးစနစ်များ ကောင်းမွန်စေရန် ဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဝဇီရာရုပ်ရှင်ရုံရှေ့ မြန်မာ့မီးရထားပိုင်မြေနေရာ၌ ယာဉ်ရပ်နားရန် လျာထားဆောင်ရွက်သွားမည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြည်သူ့အသိပညာပေးအစီအစဉ် (Public Service Announ-cement- PSA)အား နာမည်ကျော်အနုပညာရှင်များ ဖြစ်ကြသည့် ရဲလေး၊ ဟဲလေး၊ မင်းစည်သူ၊ မျိုးမြတ်သူ၊ စိန်ဖြိုးလှိုင်၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ မေမဒီနှင့် ရီရီပွင့်ဖြူတို့နှင့် ရိုက်ကူးရေးဆောင်ရွက်မှုကို ကြည့်ရှုအားပေးသည်။
နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အနုပညာရှင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲတွင် ပြည်သူများ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မှန်ကန်စွာအသိပညာပေးနိုင်ရေး၊ ဆန္ဒမဲပေးခွင့်ရှိသော ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နိုင်မည့်သူများအား မှန်ကန်စွာရွေးချယ်မဲပေးနိုင်ရေးတို့အတွက် အနုပညာရှင်များက ယခုကဲ့သို့ ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူချစ်သော အနုပညာရှင်များအဖြစ် အစဉ်အမြဲရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Ministry of Cooperatives and Rural Development / Posted on November 13, 2025
သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Ministry of Cooperatives and Rural Development / Posted on November 13, 2025
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(သာသနာရေး)၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ၂ နေရာ၊ ယာဉ်မောင်း(၅) ၁ နေရာ၊ သန့်ရှင်းရေးအကူ ၁ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Religious Affairs & Culture / Posted on November 12, 2025
လျှောက်လွှာပုံစံ
