တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် မွန်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၊ တိုင်းရင်းသားယဉ်ကျေးမှုစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Ethnic Affairs/ Naypyitaw / May 22, 2026
image_latest


           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်း၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲ မူလလက်ရာကို မထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစု တိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး Documentary များရိုက်ကူးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မကြာမီကာလအတွင်း တိုင်းရင်းသားများအချင်းချင်း ပိုမိုစည်းလုံးချစ်ကြည်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားများကိုဖိတ်ခေါပြီး ပြည်တွင်းလေ့လာရေးခရီးစဉ်နှင့် တွေ့ဆုံပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိသဖြင့် မိမိတို့ ပြည်နယ်၊ ဒေသတည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသားများအနေဖြင့် ယခုအစိုးရသစ်နှင့် အတူတကွလက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ယခင်ကထက်အရှိန်တိုးမြှင့်ကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဖြစ် ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာ မှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် မွန်၊ ကရင်၊ ပအိုဝ်းနှင့် ဗမာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသားဘာသာစာပေသင် (TA/LT) ဆရာ၊ ဆရာမများ ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည်မှားယွင်းမှုနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ပါရှိနိုင်ရေးကိစ္စများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့်လုပ်ငန်းတာဝန်များကို  ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန်မှာကြား လိုပါကြောင်း ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံများက လုပ်ငန်းဆောင်ရွက် နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပထမဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မွန်၊ ကရင်၊ ဗမာနှင့် ပအိုဝ်း တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ တူရိယာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် တိုင်းရင်းသားရိုးရာအသုံးအဆောင်များ စနစ်တကျခင်းကျင်းပြသထားရှိရန်၊ လာရောက်လေ့လာသည့်ပြည်သူများအား စနစ်တကျရှင်းပြတတ်စေရေး ဆောင် ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး မွန်တိုင်းရင်းသားလူမျိုးရိုးရာအိမ်၊ ကရင် တိုင်းရင်းသားလူမျိုးရိုးရာအိမ်၊ ဗမာတိုင်းရင်းသားလူမျိုးရိုးရာအိမ်နှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

တိုင်းရင်းသားယဉ်ကျေးမှုစင်တာသည် မွန်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော မွန်၊ ကရင်၊ ဗမာနှင့် ပအိုဝ်း တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများအား ပိုမိုထိန်းသိမ်းနိုင်ရန်၊ အများပြည်သူများ တစ်နေရာတည်းတွင် လာရောက်လေ့လာနိုင်ရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ကာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မြေဧက (၂၀) ပေါ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video