တောင်သမန်အင်း(ဦးပိန်တံတား)တွင် ရေတိုးလာသောကြောင့် လှေစီးသူနှင့် အင်းရေကြည့်ရန် လာရောက်သူများပြား
တောင်သမန်အင်း(ဦးပိန်တံတား)တွင် ရေတိုးလာသောကြောင့် လှေစီးသူနှင့် အင်းရေကြည့်ရန် လာရောက်သူများပြား
Ministry of Information/ Naypyitaw / July 17, 2024
မန္တလေး ဇူလိုင် ၁၆
မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း (ဦးပိန်တံတား)တွင် ဇူလိုင် ၅ ရက်ခန့်မှစ၍ အင်းရေတဖြည်းဖြည်းတိုးလာရာ ဇူလိုင် ၁၅ ရက်တွင် တံတားကြမ်းခင်းလူလျှောက်လမ်းနှင့် တစ်ပေခန့်အလို၌ အင်းရေရောက်ရှိနေပြီး ငှက်လှေစီးသူနှင့်အင်းရေကြည့်ရန် လာရောက်သူများပြားနေကြောင်း တောင်သမန်ငှက်လှေအသင်းမှ ဦးစိုးဝင်းက ပြောသည်။
မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ အသိပေးချက်ထုတ်ပြန်ပြီး နောက်ပိုင်းအင်းနှင့် ဆက်သွယ်ထားသော ရေထိန်းတံခါးဖွင့်ချခဲ့ရာမှ မြန်ဆန်စွာအင်းရေတိုးလာသည်ဟု ဆိုသည်။
“ဇွန်လကုန်လောက်က ရေသိပ်မရှိသေးဘူး။ ဇူလိုင်လဆန်းလောက်မှာ တံတားကြမ်းပြင်နဲ့ ခြောက်ပေလောက်အလိုမှာ ရှိသေးတယ်။ ရေထိန်းတံခါးဖွင့်လိုက်တော့ လက်ရှိမှာ အင်းရေက တံတားကြမ်းပြင်နဲ့ တစ်ပေလောက်အလိုထိ ရောက်နေတယ်။ ဒီရက်ပိုင်းမှာ ရေလာကြည့်တဲ့သူနဲ့ ငှက်လှေစီးသူတွေက ရေနည်းချိန်ကထက်များလာတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် တံတားကြမ်းပြင်မှတိုင်းတာပါက အလယ်ဇရပ်၌ တစ်ပေခန့်အလိုတွင် ရောက်ရှိနေပြီး အရှေ့ဘက်နှင့် အနောက် ဘက် ဇရပ်နေရာများ၌ ကြမ်းပြင်မှ နှစ်ပေခန့်အလိုတွင် အင်းရေ မျက်နှာပြင်ရောက်ရှိနေကြောင်း၊ မယ်ဇယ်တန်းနှင့် စားသောက် ဆိုင်နေရာများတွင်လည်း အင်းရေရောက်ရှိနေသဖြင့် အချို့ဆိုင်များ ခေတ္တပိတ်ထားရကြောင်း သိရသည်။
“လာမယ့်ရက်တွေမှာ အင်းရေက အကျဘက်သွားတော့မယ်။ ဒီညနေကဆိုရင် လေးလက်မလောက် လျော့သွားပြီ။ မြစ်ရေကျ သွားရင် ဒီဘက်မှာလည်း တဖြည်းဖြည်းလျော့လာမယ်။ ပုံမှန်ရက်နဲ့နှိုင်းယှဉ်ရင် ရေကြီးချိန်လည်းဖြစ်တယ်။ စနေ၊ တနင်္ဂနွေနဲ့ ဥပုသ်ရက်တွေမှာ လာတဲ့သူများပြီး ငှက်လှေစီးသူလည်း များတယ်။ ရေလာကြည့်တဲ့သူတွေကြောင့် လူပိုပြီးများနေတာ ပေါ့”ဟု ဆက်လက်ပြောကြားသည်။
တောင်သမန်ငှက်လှေအသင်းတွင် ငှက်လှေအစင်း ၄၃ စင်းရှိပြီး ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွားနည်းပါးခြင်းနှင့် ပြည်တွင်းဧည်သည့်များ ငှက်လှေစီးမှုနည်းပါးခြင်းတို့ကြောင့် ယခင်နှစ်များထက် အစင်းရေလျော့နည်းလာကြောင်း၊ ငှက်လှေ စီးခမှာ ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
မောင်အေးချမ်း
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information / Posted on February 10, 2026
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Ministry of Information / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...