တံတားဦးမြို့နယ်သမဝါယမအသင်းစု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / February 23, 2026
image_latest


တံတားဦး ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တံတားဦးမြို့ အင်းဝခန်းမတွင် ဆောင်ရွက်ကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် သမဝါယအသင်းစုဥက္ကဋ္ဌ သဘာပတိဦးဌေးဦးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းက အသင်းစု၏လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သွင်းအားစုများနှင့် ငွေစု၊ ငွေချေးလုပ်ငန်းများကို အခြေခံသမဝါယမအသင်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် ရရှိလာသော အကျိုးအမြတ်များကို မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စီမံကိန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအား ပံ့ပိုးလျက်ရှိကြောင်းရှင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် များကို ဦးတင်နုကလည်းကောင်း၊ မြို့နယ်အသင်းစု၏၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် လုပ်ငန်းဆောင်ရွက်မှုအမြတ်ခွဲဝေမှုများကို ဦးအောင်ခိုင်လတ်က လည်းကောင်း၊ အသင်းစု၏အသင်းသားစာရင်းစစ်၏ စာရင်းစစ်ဆေးမှု များကို ဦးသန်းတင်ကလည်းကောင်း၊ အသင်းစု၏ နှစ်ချုပ်စာရင်းစစ်ဆေးချက်များကို ဦးစန်းဝင်းကလည်းကောင်း ဖတ်ကြားကြသည်။ ယင်းနောက် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို သဘာပတိမှ ဖတ်ကြား၍ အတည်ပြုချက်ရယူကာ တက်ရောက်လာကြသည့် ကိုယ်စားပြု အခြေခံသမဝါယမအသင်းဝင်ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Ministry of Information / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Ministry of Information / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Video