ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်တစ်ခု စတင်ရရှိ


Ministry of Information/ Naypyitaw / July 24, 2025
image_latest


ရန်ကုန် ဇူလိုင် ၂၃

(၃၈) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ စတင်ကျင်းပလျက်ရှိရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ရမှတ် ၇၅၀ ဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး အိမ်ရှင်ထိုင်းအသင်းက ရမှတ် ၉၀၀ ဖြင့် ရွှေတံဆိပ်ရရှိသည်။ ဗီယက်နမ်အသင်းနှင့် လာအိုအသင်းတို့က ပူးတွဲကြေးတံဆိပ် ရရှိသည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ယှဉ်ပြိုင်လျက်ရှိပြီး အမျိုးသား + အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲအသင်းလိုက် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ လေးယောက်တွဲ အမျိုး သားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိပြီး ဇူလိုင် ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ရဲရင့်လွင်

ဓာတ်ပုံ-MSTAF

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on July 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on July 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on July 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023