ဒက္ခိဏသီရိမြို့နယ် လင်းစိန်အထွေထွေစီးပွားရေးသမဝါယမအသင်း(လီမိတက်) ဆီစက်လုပ်ငန်း၏ ဆီကြိတ်ခွဲထုတ်လုပ်မှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု

Ministry of Cooperatives and Rural Development/ Naypyitaw / November 06, 2025
image_latest

နေပြည်တော် နိုဝင်ဘာလ ၆

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အတူ ဒက္ခိဏသီရိ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ၎င်းမြို့နယ်အတွင်းရှိ လင်းစိန်အထွေထွေသမဝါယမ အသင်း(လီမိတက်)၏ ဆီစက်လုပ်ငန်း ကြိတ်ခွဲထုတ်လုပ်မှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 ကွင်းဆင်းကြည့်ရှု့စစ်ဆေးစဉ် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် ဆီကြိတ်စက်၊ ဆီစစ်ခုံ၊ မော်တာတို့ကို အသင်းသို့ ပံ့ပိုးပေးထားခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် စာချုပ် ချုပ်ဆိုနိုင်ရေးအမြန်ဆောင်ရွက်ရန် စက်ပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းလုပ်ငန်းလက်စွဲစာစောင်ပါအတိုင်း မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှု ကော်မတီအနေဖြင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှုရှိစေရေး သတ်မှတ်ကာလပြည့်သည်အထိ စဉ်ဆက်မပြတ်ကြီးကြပ်သွားရန်လိုအပ်ကြောင်း၊ ဆီစက်လုပ်ငန်းအတွက် လိုအပ်သည့် ဆီထွက်သီးနှံ ကုန်ကြမ်းများရရှိရေးနှင့် ကုန်ချောများ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်လည်း နေပြည်တော်သမဝါယမ ဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် အသင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့ သည်။

 ဆက်လက်၍ လင်းစိန်အထွေထွေစီးပွားရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းထိုက်က ဆီစက် လုပ်ငန်းအတွက် ဒေသအတွင်း ကုန်ကြမ်းများရရှိရေးနှင့် ဆီကြိတ်ခွဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး များအား တင်ပြဆွေးခဲ့မှုအပေါ် ညွှန်ကြားရေးမှူးမှ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023