ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်းအမှတ်စဉ် (၄၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / November 19, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့်ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာ စာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၄) သင်တန်းဆင်းပွဲအခမ်းအနားကို၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက ဒီပလိုမာစာရင်းကိုင်သင်တန်းသည် နိုင်ငံ‌တော်၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးကဏ္ဍများတွင်အရေးပါသည့် စာရင်းရေး၊ စာရင်းကိုင် ပညာရပ်များကို လေ့လာသင်ယူသူများအတွက် အခြေခံကောင်းများရရှိစေပြီး စာရင်းကျွမ်းကျင် သူများ မွေးထုတ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်း သို့ ဆက်လက်တက်ရောက်ပြီး စာရင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်သော အခွင့်အလမ်း ရှိသည့် သင်တန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ အခြေခံစာရင်းရေးသွင်းမှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲတင်ပြမှု၊ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းများကိုအခြေပြု၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မှု၊ ကုန်သွယ်ရေးဆိုင်ရာနှင့်် အာမခံလုပ်ငန်းများ၊ ဘဏ်နှင့်ငွေရေး ကြေးရေးအဖွဲ့အစည်းများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခြေခံဥပဒေပြဋ္ဌာန်းချက် များကိုသိရှိနားလည်ပြီး ဗဟုသုတများစွာရရှိမည်ဟုယုံကြည်ပါကြောင်း၊စာရင်းပညာကျွမ်းကျင် သူများအနေဖြင့် စာရင်းပညာရပ်ဆိုင်ရာအရည်အချင်း၊ အတွေ့အကြုံများပြည့်ဝနေရန် လိုအပ် သည့်အပြင် စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များကို လေ့လာရန်လည်း လိုအပ်ပါ ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျရာအခန်းကဏ္ဍတွင် ဝီရိယ၊ သိက္ခာ၊ ဉာဏ၊ သမာဓိ ရှိစွာဖြင့် မိမိလုပ်ငန်းအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာပြည့်ဝသည့် စာရင်းကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ အကြီးတန်းစာရေး ဒေါ်ခင်စိမ်းလန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်း မှ သင်တန်းသား(၆၄)ဦး၊ ရန်ကုန်သင်တန်းကျောင်းမှ (၄၃) ဦး စုစုပေါင်း သင်တန်းသား (၁၀၇)ဦး တက်ရောက်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအမှု ဆောင်များ၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှ ကြီးကြပ် ရေးကော်မတီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

Ministry of Transport and Communications / Posted on November 18, 2025

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on November 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023