ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ (Online) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ (Online) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / February 18, 2026
မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) Online သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၁၀ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း ဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ရာတွင် တိကျမှန်ကန်သည့် စာရင်းဆိုင်ရာအချက်အလက်များ ပြုစုရေးသွင်းသူ စာရင်းကျွမ်းကျင်သူများသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိ ပါကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်အတွက်လိုအပ်သော နိုင်ငံပိုင်ကဏ္ဍတွင် စာရင်း ကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်စွာမွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာဒေသမှပင် ပညာလေ့လာသင်ယူခွင့်ရရှိစေရန် ယခုသင်တန်းကို Online ဖြင့်ပထမအကြိမ် တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဒီပလိုမာစာရင်းကိုင်သင်တန်း သည် စာရင်းပညာဆိုင်ရာအခြေခံကောင်းများရရှိစေမည်သာမက စာရင်းပညာရှင်အဖြစ် ဆက်လက်လျှောက်လှမ်းနိုင်မည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant-CPA) သင်တန်း၏ ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး ASEAN CPA သို့ ဆက်လက် တက်လှမ်းနိုင်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမှုများကို လက်တွေ့ဘဝအသက်မွေးမှုတွင် ပြန်လည်အသုံးချနိုင်သည်အထိ နားလည်တတ်မြောက်စေရေး အလေးအနက်ထားလေ့လာသင်ယူကြရန်၊ သိရှိထားသည့် အသိပညာဗဟုသုတများသာမက ပြောင်းလဲတိုးတက်နေသည့် စာရင်းပညာရပ်များကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာခြင်း ဖြင့် မိမိတို့ဌာန၏ စာရင်းလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာထမ်းဆောင်နိုင်သည့် စာရင်းကျွမ်းကျင်သူများဖြစ်စေရေးအတွက် ကြိုးစားကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော် သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၄၅) ဦးနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်း(၂၅)ခုမှ သင်တန်းသား(၄၅၉) ဦး စုစုပေါင်း သင်တန်းသား (၅၀၄)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလကို ၁၉-၁-၂၀၂၆ ရက်နေ့မှ ၃၁-၈-၂၀၂၆ အထိ ၇ လ ခွဲကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁)ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာန/အဖွဲ့ အစည်းအသီးသီးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမတွင်လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့်ကောင်စီဝင်များ၊ ဝန်ကြီးဌာန/ အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအလုပ်အမှုဆောင် များ၊ စာရင်းကိုင်အလုပ်သင်နှင့်ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ကြီးကြပ်ရေး ကော်မတီဝင်များ၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကနှင့်သင်တန်းသားများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
Ministry of Defense / Posted on February 18, 2026
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Ministry of Defense / Posted on January 15, 2026
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
