ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ နည်းပညာကျောင်းသားများ လေ့လာနေမှုများကို ကြည့်ရှုအားပေး


Ministry of Science and Technology/ Nay Pyi Taw / May 01, 2025


နေပြည်တော် ဧပြီ ၃၀

​​​​​​​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ နိုင်ငံတကာစံနှုန်းများနှင့်အညီ တည်ထောင်ထားသော ဓာတ်ခွဲခန်းများတွင် နိုင်ငံ့အကျိုးပြုစီမံကိန်းများဆိုင်ရာသုတေသနနှင့် တီထွင်ဆန်းသစ်မှုများ၊ စမ်းသပ်တိုင်းတာမှုများ ဆောင်ရွက်လျက်ရှိပြီး Academic Calendar အရ နည်းပညာကျောင်းသားများသည် Internshipဆင်း၍ လေ့လာမှုများ ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ သည် ယမန်နေ့ နေ့လယ်တွင် ရန်ကုန်မြို့ရှိ အဆိုပါ ဦးစီးဌာနကို သွားရောက် ကြည့်ရှုစစ်ဆေးကာ ကျောင်းသားများကို အားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံအမျိုးသားအဆင့်အရည်အသွေးအခြေခံအဆောက်အအုံစနစ်(NQI)၌ ပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တိကျစွာတိုင်းတာခြင်းနည်းပညာအဖွဲ့၏ ဂျီ-၁၃ (OIML G 13) နှင့် အညီ တည်ဆောက်ကာ နိုင်ငံတကာစံချိန်စံညွှန်း ISO/IEC 17025: 2017 ရရှိပြီးဖြစ်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာ သိပ္ပံ (မြန်မာ) သို့ ရောက်ရှိပြီး ထုထည်တိုင်းတာဓာတ်ခွဲခန်းတွင် ပြည်သူများသို့ ထုထည်တိုင်းတာဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်သုံးဆီအရောင်းဆိုင်များ၏ ၂၀ လီတာ စံခြင်ခွက်များအား စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်း၊ အစိုးရ-ပုဂ္ဂလိက ဓာတ်ခွဲခန်းများ၊ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ စားသောက်ကုန်ထုတ်စက်ရုံများရှိ ဓာတ်ခွဲခန်းများကို ISO/IEC 17025 နိုင်ငံတကာစံ အသိအမှတ်ပြုလက်မှတ်ရယူရာတွင် အဓိကလိုအပ်လျက်ရှိသော ထုထည်တိုင်းတာ ကိရိယာများအား စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ အလျားနှင့်အရွယ်အစား တိုင်းတာ ဓာတ်ခွဲခန်းတွင် တရုတ်-မြန်မာပူးတွဲသုတေသနစီမံကိန်း(၂၀၂၂-၂၀၂၃)အရ တည်ထောင်ခဲ့သော စံတိုင်းတာ စက်ပစ္စည်းများကို အသုံးပြု၍ စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဝန်ဆောင်မှုလုပ်ငန်းများနှင့် တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(ထိုင်း)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲခန်းအချင်းချင်းတိုင်းတာမှုရလဒ်အဖြေများ နှိုင်းယှဉ်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ဖိအားတိုင်းတာဓာတ်ခွဲခန်းရှိ လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း (၂၀၂၂) ဖြင့် တည်ထောင်ထားသော နေရောင်ခြည်စွမ်းအင်ပြခန်းPolytechnic University(မအူပင်)၊ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်နှင့်နည်းပညာတက္ကသိုလ်(တောင်ငူ)တို့မှ ကျောင်းသားများ Internship ဆင်းကာ လေ့လာနေမှုများကို ကြည့်ရှုအားပေးကာ နိုင်ငံ့ပေါကြွယ်ဝလျက်ရှိသော နေရောင်ခြည်စွမ်းအင် ရင်းမြစ်များမှ နိုင်ငံ့အကျိုးဖွံ့ဖြိုးရေးအတွက် ထိရောက်အကျိုးရှိစွာ ထုတ်ယူအသုံးချနိုင်ရေး ရည်မှန်းကာ ထွန်းသစ်စ နည်းပညာများကို ကြိုးပမ်းလေ့လာကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တွေ့ဆုံပွဲ၌ ဒုတိယဝန်ကြီးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် Internship ဆင်းသော ကျောင်းသားများနှင့် တွေ့ဆုံကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တစ်တပ်တစ်အား အထောက်အကူပြုသည့် လုပ်ငန်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများဖြင့် စဥ်ဆက်မပြတ် ရှင်သန်သက်ဝင်နေသော သုတေသနရပ်ဝန်း ဖြစ်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်က အမှန်တကယ် အားထားရသော နည်းပညာ အရွေ့များကို အမီလိုက်ပါနိုင်သည့် အင်ဂျင်နီယာ လူငယ်ကောင်းများ ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023