ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသို့တက်ရောက်


Ministry of Information/ Naypyitaw / January 29, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၈

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသို့တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

အဆိုပါ ညီလာခံတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဓိပတိဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံအသီးသီးရှိ ဗုဒ္ဓတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေးကြပြီး “Collective Wisdom, United Voice and Mutual Coexistence”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပြီး ဒုတိယဝန်ကြီးသည်ယင်းနေ့မွန်းလွဲပိုင်းတွင် International Buddhist Confederation မှ Director General Mr. Mohijit Halder နှင့် တွေ့ဆုံကာ ဗုဒ္ဓတရားတော်လာလူမှုယဉ်ကျေးမှုဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဇန်နဝါရီ ၂၄ ရက်တွင် နယူးဒေလီမြို့ရှိ Bharat Mandapan အဆောက်အအုံ၌ ဒုတိယအကြိမ်မြောက် ဗုဒ္ဓညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာ International Buddhist Confederation ၏ Secretary General ဖြစ်သူ ဆရာတော် Shri Gajendra Khensur Rinpoche Jangchup Choeden က ဦးဆောင်ပြီး ဆုတောင်းမေတ္တာပို့သ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် အိန္ဒိယနိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Shri Gajendra Singh Shekhawat က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဂီတပညာရှင် Dr. Aditi Sharma Garg က အိန္ဒိယရိုးရာဗျပ်စောင်းကို တီးခတ်၍ ဓမ္မတေးဂီတဖြင့် ပူဇော်ခြင်း၊ အိန္ဒိယပါလီမန်ရေးရာနှင့် လူမျိုးစုရေးရာဝန်ကြီး H.E Mr. Shri Kiren Rijiju က အမှာစကားပြောကြားခြင်း၊ Ladakh ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို ကျင်းပရာ ဒုတိယဝန်ကြီးက “Collective Wisdom and United Voice for Social Harmony” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးသည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သူများကို IBC မှ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓညီလာခံအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ညီလာခံသို့တက်ရောက်လာသည့် ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ ကိုယ်စားပြုရဟန်းတော်များကိုလည်း ညီလာခံအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့သည်။

ပထမနေ့ ညီလာခံအပြီးတွင် ဒုတိယဝန်ကြီးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ညီလာခံအခမ်းအနား ခင်းကျင်းပြသမှုများကို ကြည့်ရှုအားပေးသည်။

ဇန်နဝါရီ ၂၅ ရက် ညီလာခံဒုတိယနေ့တွင် ဒုတိယဝန်ကြီးသည် စကားဝိုင်းများသို့ ဆက်လက်တက်ရောက်သည်။ အဆိုပါ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေးကြသည့် ဗုဒ္ဓဘာသာဆိုင်ရာညီလာခံတစ်ရပ်ဖြစ်ပြီး ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားစေရေးအတွက် အရေးပါသည့် အခမ်းအနားတစ်ရပ်လည်းဖြစ်သည်။

ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ နယူးဒေလီမြို့ Qila Rai Pithora Cultural Complex ရှိ မြတ်ဗုဒ္ဓ၏ မွန်မြတ်သော ဓာတ်တော် (Piprahwa Relics) အထူးပြပွဲသို့ သွားရောက်လေ့လာ ကြည်ညိုဖူးမြော်ကြရာ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနနှင့် Archaeological Survey of India (ASI) မှ တာဝန်ရှိသူများက လာရောက်ကြိုဆိုနှုတ်ဆက်ကာ လိုက်ပါရှင်းလင်းပြသကြပြီး အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on January 29, 2026

ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Ministry of Information / Posted on January 29, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on January 28, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023