ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းဆင်းပွဲ တက်ရောက်
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းဆင်းပွဲ တက်ရောက်
Ministry of Information/ Naypyitaw / April 03, 2026
နေပြည်တော် ဧပြီ ၂
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရုံးအမှတ် (၃၄) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းတွင် ဌာန၏လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများသိရှိလိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ/ နည်းဥပဒေများ၊ ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ၊ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းပိုင်းဆိုင်ရာဘာသာရပ်ဖြစ်သည့် ရုံးလုပ်ငန်းသဘောတရားနှင့် ပြီးပြည့်စုံသောရုံးလုပ်ငန်း၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများ၊ ပုံသေပိုင်ပစ္စည်းထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဆုံးရှုံးမှုများအားအရေးယူဆောင်ရွက်ခြင်းစသည့် စီမံခန့်ခွဲမှုဘာသာရပ်များ၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်များ၊ အာမခံလုပ်ငန်းများအားကြီးကြပ်မှု၊ နိုင်ငံပိုင်ဘဏ်လုပ်ငန်းကြီးကြပ်ကွပ်ကဲခြင်းနှင့် အောင်ဘာလေထီလုပ်ငန်းများစစ်ဆေးခြင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဆောင်ရွက်နေမှုများ၊ AML/ CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့် ကြီးကြပ်ရေးအာဏာပိုင်၏ အခန်းကဏ္ဍများ၊ AML/ CFT ဆိုင်ရာ Off Site Supervision နှင့် On-Site Inspection စစ်ဆေးခြင်းစသည့် လုပ်ငန်းဘာသာရပ်များကို စာတွေ့ လက်တွေ့ပို့ချပေးခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး နောင်တွင်လုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြရန်နှင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့် ဌာနတာဝန်များကိုကျေပွန်စွာဆောင်ရွက်ကြရန် ပြောကြားသည်။
လက်မှတ်များပေးအပ်
ထို့နောက် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က သင်တန်းတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
အဆိုပါသင်တန်းကို မတ် ၃ ရက်မှ ၂၆ ရက်အထိ ၂၄ ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်း ၃၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
