ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နောင်ချိုမြို့နယ်ရှိ ဆရာ ဆရာမများနှင့်တွေ့ဆုံ


Ministry of Education/ Naung Cho / May 07, 2026


နောင်ချို ၂၀၂၆ မေ ၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြား‌ရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ နောင်ချိုမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး၊ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းများတွင် စာသင်ကြားသည် သာမက အသိပညာ၊ အတတ်ပညာများကို ကျောင်းသားလူငယ်များ တတ်ကျွမ်းနားလည်အောင် စေတနာထား သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး ပူးပေါင်း၍ အရည်အသွေးရှိသော ပညာရေးစနစ် ပေါ်ပေါက်လာစေရေး ဝိုင်းဝန်းဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူများ ဂရုပြု ရမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရရှိခဲ့သော ကျောင်းပြင်ပ ရောက် ကလေးများကို ကျောင်းပြင်ပပညာရေးအစီအစဉ်ဖြင့် ပညာဆက်လက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ထားရှိမှု၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက် ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဒုတိယ ဝန်ကြီးက ဆရာ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်၍ နောင်ချိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နမ့်ဆောင်ဟူးသို့ သွားရောက်ပြီး ကျောင်းဆောင်များ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video