ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 23, 2025

နေပြည်တော် ဇွန် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပေးအပ်
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိသည့် သဇင်(၁) အဆောင်(၆)သို့ သွားရောက်ပြီး နေထိုင်ရေးအဆင်ပြေမှုရှိ မရှိနှင့် လျှပ်စစ်မီး၊ သောက်သုံးရေရရှိမှုတို့ကို စိစစ်မေးမြန်းပြီးလိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသော သဇင်(၄) အဆောင်(၇)နှင့် (၈) အခြေအနေကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသော သဇင်(၄) အဆောင်(၉) အခြေအနေကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိသော သဇင်(၆) အဆောင်(၅) အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ အဆောင်ပတ်ဝန်းကျင် သန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်သွားကြရန်၊ သတ်မှတ်ထားသော အဆောင်စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန်မှာကြား၍ ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Announcement
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on July 01, 2025
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
Ministry of Information / Posted on July 01, 2025
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Ministry of Planning and Finance / Posted on June 30, 2025