ဒုတိယဝန်ကြီး ဦးဝင်းရှိန် သံချည်သံကွေး(မွမ်းမံ)သင်တန်းနှင့်လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 20, 2026
image_latest


ရန်ကုန် မတ် ၁၉

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ သံချည်သံကွေး(မွမ်းမံ) သင်တန်းနှင့် လေအေးပေးစက်တပ်ဆင်၊ ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများသည် နည်းပညာတိုးတက်ပြောင်းလဲမှုနှင့်အညီ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိရာ သင်ယူမှုအခွင့်အလမ်းရရှိချိန်တွင် လုပ်ငန်းဆိုင်ရာစာတွေ့အသိပညာများ၊ လက်တွေ့လုပ်ငန်းလုပ်ဆောင်မှုနည်းစနစ်များကို သေချာစွာတတ်ကျွမ်းသိရှိစေရေး လုံ့လစိုက်ထုတ်၍ သင်ယူလေ့လာဆောင်ရွက်ကြရန်၊ သင်တန်းကာလအတွင်း နည်းပြဆရာများ၏ ပို့ချသင်ကြားမှုများကို စိတ်အားထက်သန်စွာ မှတ်သားနာယူကြရန်၊ မိမိတို့သိရှိလိုသည်များကို ပွင့်လင်းစွာမေးမြန်းဆွေးနွေးရန်၊ နည်းပညာဆိုင်ရာ Web Portal များ၊ Facebook ၊ YouTube စသည့် လူမှုကွန်ရက်များရှိ ပညာရပ်ဆိုင်ရာအချက်အလက်များကို လေ့လာသင်ယူရန်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

သင်တန်းကျောင်း တာဝန်ခံနှင့် နည်းပြများအနေဖြင့် သင်တန်းသားများ အမှန်တကယ် ကျွမ်းကျင်မှုရှိစေရေး၊ သင်တန်း၏ အရည်အသွေး အာမခံချက်ကောင်းမွန်ရေး၊ သင်တန်းဆင်းများ အလုပ်အကိုင်တိုးတက်ရရှိစေရေးတို့အတွက် အလေးထားသင်ကြားပို့ချရန်၊ နည်းပညာတိုးတက်ပြောင်းလဲမှုများအရ ဈေးကွက်လိုအပ်ချက်များသော အဆင့်မြင့်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ကျေးလက်ဒေသရှိ လူငယ်များ လက်လှမ်းမီနိုင်ရေး ရွေ့လျားသင်တန်းများကို စီစဉ်ဖွင့်လှစ်ရန်နှင့် အရည်အသွေးပြည့်မီသော သင်တန်းများ စဉ်ဆက်မပြတ်ပို့ချရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တင်ဒါခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on February 04, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on January 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on January 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video