ဒုတိယဝန်ကြီး ဦးသိုက်စိုး မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးသိုက်စိုး မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Ministry of Cooperatives and Rural Development/ Naypyitaw / February 02, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာသို့သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ရွာလွတ်-ကတောင်စိန် ကျေးရွာချင်းဆက် တောင်ဖြတ်လမ်း၏ အကွေ့များသောနေရာများတွင် ကွန်ကရစ် လမ်းပခုံးခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု များအား ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက တောင်ဖြတ်လမ်း ရေရှည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများ၊ ရေတိုက်စားမှုကာကွယ်ရေး အစီအမံများ ဆောင်ရွက် သွားရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရွာလွတ် လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်း၏ ရွာလွတ် ထုတ်ကုန်အမှတ်တရပစ္စည်း အရောင်းပြခန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကွမ်သဲကျေးရွာသို့ သွားရောက်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသည့် သင်တန်းသူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ဝန်ကြီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်း (VDP)စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်း ဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အောင်သဇင် သမဝါယမအသင်းနှင့် မွန်ပြည်နယ်သမဝါယမ အသင်းစုချုပ်တို့ ပူးပေါင်းဆောင်ရွက်နေသည့် ရွှေမြိုင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်၏ တန် (၉၀) ကျဆန်စက်နှင့် တန် (၁၂၀) စပါးအခြောက်ခံစက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အသင်းစုချုပ်ဥက္ကဋ္ဌနှင့် စက်ရုံတာဝန်ခံတို့က ရင်းနှီးလည်ပတ်ငွေ ကျပ်သန်း ၁၆၁၂.၈ သန်းဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အသားတင် အမြတ် ကျပ်သိန်း (၅၀၀) ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများမှ ထွက်ရှိ လာသော စပါးများကို သမဝါယမအသင်းပိုင် ဆန်စက်ဖြင့် ဝယ်ယူကြိတ်ခွဲ၍ ပြန်လည်ရောင်းချ ခြင်းဖြင့် အသင်းသားတောင်သူများ ပိုမိုအကျိုးဖြစ်ထွန်း၍ အသင်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ပညာသင်နှစ်အလိုက် လုပ်ငန်းဆောင် ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းသားသင်တန်းသူ ပိုမိုရရှိရေး၊ သမဝါယမကောလိပ် များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ရေး၊ အမျိုးသား ရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမပညာတတ်များ မွေးထုတ်ပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ သင်တန်းသားများအတွက် ပညာသင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသစ်ဆောက်လုပ်ထားသော (၃) ထပ် RC စာသင် ဆောင်၊ (၂) ထပ် သင်တန်းသားအိပ်ဆောင်နှင့် ရေချိုးခန်း၊ သန့်စင်ခန်းများကို လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
Announcement
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 01, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
Ministry of Information / Posted on January 31, 2026
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on January 31, 2026
