ဒုတိယဝန်ကြီး ဦးသိုက်စိုး ပုသိမ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / March 02, 2026
image_latest


နေပြည်တော် မတ် ၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာပေါင်း (၂၁) ရွာမှ အိမ်ခြေ (၇၀၈၁) ဦးကို အကျိုးပြုမည့် ရွှေမြင်တင်ကျောင်းလမ်း အရှည် (၅.၅) ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းပခုံများ စနစ်တကျဖြစ်စေရေး မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြို့ချောင်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ပေ (၄၀) အကျယ်ရှိ ကွန်ကရစ်ဆိပ်ခံတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေ သကြီး ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေး၊ ရေယာဉ်များနှင့် ရေလုပ်သားများအတွက် အမှန်တကယ် အကျိုးပြုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားကာ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်၍ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ဆရာဆရာမ များနှင့်တွေ့ဆုံခဲ့ရာ ဦးစီးဌာနအလိုက်ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်၍ လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ် အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနအလိုက် သင်တန်းကျောင်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ ထိရောက်အောင်မြင်ရေး၊ ဝန်ထမ်များ မိမိတို့ဘဝ တိုးတက်မြင့်မားရေးနှင့် သင်တန်းနည်းပြဆရာဆရာမများက နှစ်စဉ်သင်တန်းသား ပိုမို ရရှိရေး၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသည့် သမဝါယမစီးပွားရေး ပညာတတ်လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး၊ သမဝါယမကောလိပ်များ၊ သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်သည်အထိ စေတနာထား၍ သင်ကြား ပို့ချပေးရေး တိုက်တွန်းမှာကြားကာ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Ministry of Information / Posted on March 02, 2026

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Video