ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် ဒေသထွက်အုတ်ကြွပ်အမိုးပြားထုတ်လုပ်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / May 18, 2026
image_latest


နေပြည်တော် မေ ၁၈

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ဝမ်ဟကျေးရွာသို့ သွားရောက်၍ ဒေသထွက် အုတ်ကြွပ်အမိုးပြား ထုတ်လုပ်မှုဆိုင်ရာ သမဝါယမအသင်းသား အုတ်ကြွပ်ထုတ်လုပ်သူများ၊ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကွင်းဆင်း ဆောင်ရွက်ခဲ့ ပါသည်။

ထိုသို့တွေ့ဆုံစဉ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းသန့်က အုတ်ကြွပ်အမိုးပြား ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အုတ်ကြွပ် ထုတ်လုပ်ရန် မြေပြင်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ စက်ပစ္စည်းများထားရန် စက်ရုံအဆောက်အဦ တည်ဆောက်ခြင်း၊ ကုန်ကြမ်းမြေစုဆောင်းထားခြင်းနှင့် စက်များတပ်ဆင်ပြီးစီးမှု အခြေအနေများ ကိုလည်းကောင်း၊ ဆက်လက်၍ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က ဒေသခံ ပြည်သူ (၂၇) ဦးကို စိတ်တူကိုယ်တူအစုအဖွဲ့ သမဝါယမစနစ်ဖြင့် စုပေါင်းလုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် သမဝါယမအသင်း ဖွဲ့စည်းပေးခဲ့ပြီး အုပ်ကြွပ်လုပ်ငန်းဆောင်ရွက်နေမှုကိုလည်း ကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သမဝါယမ အသင်းသား (၁၅) ဦးအား အုတ်ကြွပ်အမိုးပြားထုတ်လုပ်ခြင်းနှင့် စက်ကိရိယာကိုင်တွယ် မောင်းနှင်ခြင်းသင်တန်းပို့ချနေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ ကျိုင်းတုံမြို့ခရီးစဉ်တွင် မြို့နယ်အတွင်းရှိ ဒေသထွက် အုတ်ကြွပ်အမိုးပြားလုပ်ငန်းများအား အရည်အသွေးမြင့် စက်မှု ကုန်ထုတ်လုပ်ငန်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြား ချက်အား လာရောက်အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့၊ သာယာဝတီမြို့၊ မှော်ဘီမြို့နှင့် ပဲခူးမြို့များရှိ အုတ်ကြွပ် လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ လိုအပ်သည့် မြေနှပ်စက်(Pugmill)၊ မြေပုံသွင်းစက် (Extruder)၊ မြေသယ်စက် (Conveyor Machine)၊ လေမှုတ်စက် (Compressor)၊ မြေဖြတ်စက် (Cutting Machine) နှင့် 100 KVA Step Down Transformer (၁) လုံးတို့ကို မှာယူ၍ ရန်ကုန်မြို့မှ ကျိုင်းတုံမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ယခုကဲ့သို့ စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျိုင်းတုံဒေသ၏ လူမှုအဆင့်အတန်းမြင့်မာရေးအတွက် ဆောင်ရွက်ပေးခြင်းနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးပွားရေး တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် အုတ်ကြွပ်စက် စတင်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး ပြီး ယခင်က ကျေးရွာသားများအနေဖြင့် တစ်နေ့တာ အုတ်ကြွပ်အမိုးပြား အချပ်ရေ (၉၀၀) သာ ထုတ်လုပ်နိုင်ခဲ့ပြီး ယခုအခါ စက်နှင့်ထုတ်လုပ်ခြင်းဖြင့် တစ်နာရီလျှင် အချပ် (၉၀၀) ရရှိကာ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာပြီ ဖြစ်ကြောင်း၊ ရရှိလာမည့် အကျိုးအမြတ်များဖြင့် ကျေးရွာလမ်း၊ တံတား၊ ရေရရှိရေး၊ ဆေးပေးခန်း၊ ကျေးရွာဘက်စုံသုံးခန်းမ၊ စာကြည့်တိုက် စသည်ဖြင့် ကျေးရွာဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခု Pilot Project အဖြစ်ဆောင်ရွက်မည့် အုတ်ကြွပ်အမိုးပြားလုပ်ငန်းအား ဒေသအခြေပြု သမဝါယမစနစ် ကုန်ထုတ်လုပ်မှုပုံစံအဖြစ် ဆောင်ရွက်ပြီး Pilot Project မှ ထွက်ရှိလာသော အမိုးပြားများကို ဒေသတွင်းဈေးကွက်ရရှိရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကျေးရွာများသို့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စက်ရုံ စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျေးရွာသူကျေးရွာသားများ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)ဖြင့် ငွေကျပ်သိန်း (၁၅၀)အား ဒုတိယဝန်ကြီးက ကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာန(၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား ဝန်ကြီးဌာနရှိ အဓိကမောင်းနှင်အားများဖြစ်ကြသော ဝန်ထမ်းများအားလုံး သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမ စနစ် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုး မြှင့်ထုတ်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ စေတနာထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားကာ ဝန်ထမ်းတစ်ဦးချင်းစီ၏ အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Video