ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် သမဝါယမစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် သမဝါယမစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Ministry of Cooperatives and Rural Development/ Naypyitaw / May 20, 2026
နေပြည်တော် မေ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် မေလ (၁၉) ရက်နေ့၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လင်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ရက် (၁၀၀) စီမံချက်အဖြစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း VDP စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း (၃၀၀) ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များ ပြန်လည်ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိုင်းဇင်းကျေးရွာအုပ်စု၊ ဟွေခါးကျေးရွာသို့ သွားရောက်၍ ရွှေလားဟူ စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သမဝါယမစနစ် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ အောင်မြင်ရေး၊ ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ သမဝါယမကဏ္ဍကို မဏ္ဏိုင်ပြု၍ ဒေသထွက် ကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့နယ် သမဝါယမအသင်းစုမှ ဆောင်ရွက်လျက် ရှိသည့် ငါးမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုပြီး ငါးသားပေါက်များ တိုးချဲ့မွေးမြူရန်နှင့် ဒေသတွင်း ငါးဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ ဝက်မွေးမြူရေးကိုလည်း ဝက်ကောင်ရေ တိုးချဲ့မွေးမြူရန်၊ ဒေသတွင်း အသားဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ အသင်းနှင့် အသင်းဝင်များ အကျိုးအမြတ် ပိုမိုရရှိရေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Ministry of Ethnic Affairs / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
Ministry of Ethnic Affairs / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း